ရာသီခွင်အလိုက် ချစ်သူနဲ့ လမ်းခွဲပြတ်စဲရခြင်း အကြောင်းရင်း အမှန်များ
၁။ Aries (March 21 – April 19)
၂။ Taurus (April 20 – May 20)
၃။ Gemini (May 21 – June 20)
၎။ Cancer ( June 21 – July 22)
၅။ Leo (July 23 – August 22)
[ Unicode ]
၁။ Aries (March 21 – April 19)
သင့်ချစ်သူက မိဿရာသီဖွားဆိုရင် သင်က သူ့ကို အရမ်းတွယ်ကပ်တတ်လို့ သည်းမခံနိုင်ဘဲ ပြတ်စဲသွားရတာပါ။ ဒီရာသီဖွားတွေက အချုပ်အချယ်ကင်းပြီး လွတ်လပ်တာမျိုးကို နှစ်သက်ကြသူတွေပါ။
၂။ Taurus (April 20 – May 20)
သင့်ချစ်သူက ပြိဿရာသီဖွားဆိုရင် သင်က သူ အရှက်ရစေတဲ့ အပြုအမူမျိုး၊ ဒါမှမဟုတ် သူ့ကို မလေးစားတဲ့ လုပ်ရပ်တစ်ခုခုကို လုပ်လိုက်လို့ ဘယ်လောက်ချစ်ချစ် လမ်းခွဲလိုက်ရတာပါ။ သူတို့က ဂုဏ်သိက္ခာကို ရှေ့တန်းတင်တဲ့ လူမျိုးပါ။
၃။ Gemini (May 21 – June 20)
သင့်ချစ်သူက မေထုန်ရာသီဖွား ဆိုရင် သင်က မဖော်ရွေဘဲ၊ လူတွေနဲ့မရောဘဲ သီးခြားနေတတ်လို့ ချစ်သူအဖြစ်က ရပ်စဲသွားရတာပါ။ သူတို့က အပေါင်းအသင်း ဝင်ဆန့်မှ နှစ်သက်တတ်ကြတာပါ။
၄။ Cancer ( June 21 – July 22)
သင့်ချစ်သူက ကရကဋ်ရာသီဖွားဆိုရင် သင့်ရဲ့ မပြောမဆို လျို့ဝှက် ထိန်ချန်တတ်တဲ့အကျင့်ကြောင့် စိတ်ကုန်သွားတာပါ။ သူ့ကို လျှိုထားတာမျိုး၊ ပွင့်ပွင့်လင်းလင်း မရှိတာမျိုးဆိုရင် လုံးဝမကြိုက်ပါဘူး။
၅။ Leo (July 23 – August 22)
သင့်ချစ်သူက သိဟ်ရာသီဖွားဆိုရင် သင်က သူ့ကို အသုံးချတယ်လို့ ယူဆတာကြောင့် သင့်ကို ထားခဲ့တာပါ။ သူတို့ကို အသုံးချသလို ဖြစ်စေတတ်တဲ့ အပြုအမူကိုတော့ သတိထားရပါမယ်။
၆။ Virgo (August 23 – September 22)
သင့်ချစ်သူက ကန်ရာသီဖွားဆိုရင် သင့်ရဲ့ မကြိုးစားချင်ဘဲ လေလွင့်တတ်တဲ့ အနေအထားကြောင့် ပြတ်စဲရတာပါ။ သူတို့က ရည်မှန်းချက်ပြည့်ဝတဲ့သူ၊ အောင်မြင်ဖို့ကြိုးစားလိုသူကိုသာ လက်တွဲလိုတာပါ။
၇။ Libra (September 23 – October 22)
သင့်ချစ်သူက တူရာသီဖွားဆိုရင် သင့်ရဲ့ အရာရာကို ညည်းတွားမှု၊ အဆိုးမြင်မှုတို့ကြောင့် သူက ထားခဲ့တာပါ။ သူတို့က အမြဲအကောင်းမြင်လိုစိတ်ရှိသူ၊ မနက်ဖြန်တိုင်းဟာ ပိုကောင်းတဲ့နေ့တစ်နေ့ဖြစ်လာမယ် ဆိုတာမျိုးကိုသာ တွေးထင်တဲ့သူမျိုးပါ။
၈။ Scorpio (October 23 – November 21)
သင့်ချစ်သူက ဗြိစ္ဆာရာသီဖွားဆိုရင် သူ့ကို လိမ်ညာမိလို့ သင် အထားခဲ့ခံရတာ ဖြစ်ပါတယ်။ သူတို့က ရိုးသားပွင့်လင်းမှုကို မက်မောကြသူများပါ။
၉။ Sagittarius (November 22 – December 21)
သင့်ချစ်သူက ဓနုရာသီဖွားဆိုရင် သင့်ရဲ့ ပျင်းရိဖင့်နွဲ့မှုကြောင့် လမ်းခွဲသွားရတာပါ။ စွန့်စားမှု၊ စိန်ခေါ်မှု အသစ်သစ်တွေကို နှစ်သက်တတ်တဲ့သူတို့က ပျင်းရိနှေးကွေးမှုကို မနှစ်သက်ကြပါဘူး။
၁၀။ Capricon (December 22 – January 19 )
သင့်ချစ်သူက မကာရရာသီဖွားဆိုရင် သင့်ရဲ့ ဂရုမစိုက်မှု၊ မသိတတ်မှု၊ တာဝန်မဲ့မှုတို့ကြောင့် ဆက်မတွဲတော့တာပါ။ သူတို့က အလေးထားမှု၊ ဂရုပြုမှု၊ ကြင်နာမှုကို လိုလားတတ်ကြလို့ပါ။
၁၁။ Aquarius (January 20 – February 18 )
သင့်ချစ်သူက ကုမ်ရာသီဖွားဆိုရင် ရှေးရိုးစဉ်လာ၊ လုပ်ရိုးလုပ်စဉ်တွေကိုသာ ဖက်တွယ်တတ်တဲ့ သင့်အပြုအမူကြောင့် စိတ်ကုန်သွားတာပါ။ အသစ်အဆန်းတွေ၊ စိတ်ကူးအိပ်မက် အသစ်သစ်တွေကိုသာ သူတို့က မြတ်နိုးတတ်ကြလို့ပါ။
၁၂။ Aquarius (February 19 – March 20 )
သင့်ချစ်သူက မိန်ရာသီဖွားဆိုရင် သင့်ရဲ့ မငဲ့ကွက်မှု၊ တကိုယ်ကောင်းဆန်မှု၊ ဂရုမစိုက်မှုတို့ကြောင့် အသစ်ကို ရှာတွေ့သွားတာပါ။ စိတ်ထိခိုက် ခံစားလွယ်တဲ့ သူတို့က ကြင်နာမှုကို လည်း အရမ်းလိုလားကြပါတယ်။
Ref; Baydin
331 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.