သွေးအမျိုးအစားအလိုက် အချစ် အပေါ်ထားရှိတဲ့ ခံယူချက်များ


၁။ O သွေး

၂။ B သွေး

၃။ A သွေး

၎။ AB သွေး

Ref; bloodtypefacts

[ Unicode ]

သင်ဟာ ဘာသွေးအမျိုးအစားလဲ။ လူတစ်ယောက်ရဲ့ အချစ်အပေါ် သဘောထားကို သွေးအမျိုးအစားကနေတစ်ဆင့် ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့် သွေးအမျိုးအစားအလိုက် အချစ် အပေါ် ခံယူချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကဲ…မှန်၊ မမှန် ဆန်းစစ်ကြည့်လိုက်ပါဦး။

၁။ O သွေး
အိုသွေးပိုင်ရှင်လေးတွေဟာ အချစ်ကြီးသလောက် မာနလည်း ကြီးတဲ့သူတွေပါ။ ဘယ်လောက်ချစ်ချစ် ကိုယ့်ကို ထားခဲ့ချင်နေတဲ့သူတစ်ယောက်ကို အောက်ကျခံပြီး ဆွဲထားမယ့်သူမျိုးတွေ မဟုတ်ပါဘူး။ ကွယ်ရာမှာသာ ကြိတ်ငိုရင်ငိုမယ်၊ လူရှေ့မှာတော့ အမြဲတမ်းခေါင်းမော့နေမယ့် သူမျိုးတွေဖြစ်ပါတယ်။

၂။ B သွေး
B သွေးပိုင်ရှင်လေးတွေဟာ စိတ်နှလုံးအင်မတန် နူးညံ့သိမ်မွေ့သူတွေဖြစ်ပါတယ်။ သည်းခံရင် အဆုံးစွန်ထိ သည်းခံပြီး သည်းမခံနိုင်တော့ရင် ဘာဖြစ်ဖြစ် လှည့်မကြည့်တတ်တဲ့သူတွေဖြစ်ပါတယ်။ အချစ်ကို ၁၀၀% နီးပါး ကိုးကွယ်တဲ့သူတွေဖြစ်ပြီး အချစ်ကြီးလွန်းလို့ အမြဲတမ်း စိတ်ပင်ပန်းရတဲ့သူတွေပါ စိတ်ထိခိုက်လွယ်လွန်းတဲ့သူတွေဖြစ်တာကြောင့် တစ်ခါတလေ အတွေးတွေလွန်ပြီး တစ်ယောက်တည်း ဝမ်းနည်းနေတတ်သူတွေပါ။

၃။ A သွေး
A သွေးလေးတွေဟာ ပင်ကိုယ်အားဖြင့် အားနာတတ်ပြီး အရမ်းအလိုက်သိတဲ့သူတွေဖြစ်ပါတယ်။ အချစ်နဲ့ပတ်သက်လာရင် သူတို့က သူရဲကောင်းတွေပါ။ အချစ်အရမ်းကြီးသလောက် ခေါင်းလည်း အရမ်းမာကြပါတယ်။ တစ်ခါတလေ ဝမ်းနည်းနေရင်တောင် တစ်ဖက်သား စိတ်မကောင်းဖြစ်မှာစိုးလို့ ပျော်ချင်ယောင်ဆောင်နေတတ်တာလည်း သူတို့ပါပဲ။

၄။ AB သွေး
AB သွေးလေးတွေဟာ ခေါင်းမာပြီး တစ်ဇွတ်ထိုးလုပ်တတ်ကြပါတယ်။ အများကြီးကို မချစ်တတ်သလို၊ ချစ်ပြီဆိုရင်လည်း တော်တော်နဲ့ မမေ့နိုင်တော့ပါဘူး။ အစွဲအလမ်းကြီးပြီး အချစ်ကို ကိုးကွယ်တဲ့သူတွေဖြစ်ပါတယ်။

417 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.