Amy Lee ကိုယ်ဝန်ရှိ

amy_lee.jpg

 

Evanescence အဖွဲ့ရဲ့အဆိုတော် Amy Lee နဲ့သူမရဲ့ခင်ပွန်း Josh Hartzler တို့နှစ်ဦးဟာ သူတို့ရဲ့ပထမဆုံးရင်သွေးကို မျှော်လင့်နေရပြီဖြစ်ကြောင်း Amy Lee က twitter မှာကြေငြာခဲ့ပါတယ်။

“ကောင်းပြီ။ ကျွန်မလျှို့ဝှက်ချက်တစ်ခုကိုဘယ်လိုမှ မထိန်းထားနိုင်ဘူး။ ကျွန်မအလွန်ထူးခြားတဲ့အလုပ်တစ်ခုကို ၂၀၁၄ မှာလုပ်ဖြစ်မှာပါ။ ကလေးတစ်ယောက်မွေးဖို့ဖြစ်ပါတယ်။ Josh နဲ့ကျွန်မကမျှော်လင့်နေတာဖြစ်ပြီး ကျွန်မအရမ်းပျော်ပါတယ်” လို့ကြေငြာခဲ့ပါတယ်။

ဘယ်တော့မွေးမှာလဲနဲ့ ဘာလေးမွေးမှာလဲဆိုတာတွေကတော့ တိတိကျကျမသိရသေးပါဘူး။

ဒီကိုယ်ဝန်ကို ပထမဦးဆုံးဂုဏ်ပြုတဲ့သူတွေထဲကတစ်ယောက်ကတော့ Garbage အဖွဲ့ရဲ့အဆိုတော်

Shirley Manson ဖြစ်ပါတယ်။

“မိခင်ဖြစ်တော့မယ့်ကောင်မလေးကို ဂုဏ်ပြုပါတယ်။ မင်းအတွက်အရမ်းပျော်ပါတယ်။ ဟန်ပြဂုဏ်ပြုစကားတွေတော့အများကြီးကြားရပါတယ်။ ဒါပေမယ့် ဒါတကယ်ကိုမိုက်ပါတယ်” လို့  tweet လုပ်ခဲ့ပါတယ်။

Amy ရဲ့ခင်ပွန်းကတော့သူမကိုစောင့်ရှောက်နေတာဖြစ်ပြီး ရာသီဥတုဆိုးဝါးတဲ့ကြားက Amy ချဉ်ခြင်းတက်သမျှ အစားအသောက်တွေကို သွားဝယ်ပေးချင်တယ်လို့ဆိုပါတယ်။

“နှင်းတွေကျနေတဲ့ကြားက ကျွန်မငါးဟင်းချိုနဲ့ ကိတ်မုန့်လုပ်ဖို့ ပါဝင်ပစ္စည်းတွေကို စတိုးဆိုင်ကိုထွက်သွားတဲ့ကျွန်မခင်ပွန်းကိုတွေ့ရပါတယ်” လို့ tweet ပါတယ်။

Amy နဲ့ Josh တို့ဟာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှာစေ့စပ်ခဲ့တာဖြစ်ပြီး နောက်လေးလအကြာမှာလက်ထပ်ခဲ့ပါတယ်။

Ref:starpulse.com

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.