သင္ ရွာနိုင္တဲ့ ဝင္ေငြထဲမွ ေငြအပိုထြက္လာေစတဲ့ နည္းလမ္းေကာင္းမ်ား

ေငြစုေဆာင္းဖို႔နဲ႔ ေခြၽတာဖို႔က ေျပာတာထက္ လက္ေတြ႕မွာ ပိုမိုခက္ခဲၿပီး ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ႏိုင္စြမ္း အမ်ားႀကီး လိုအပ္ပါတယ္။ အမ်ားစုအတြက္ေတာ့ ၀င္ေငြထက္ ေလ်ာ့နည္းတဲ့အသုံးစရိတ္နဲ႔ ေနထိုင္ဖို႔က ေျပာသေလာက္ မလြယ္ပါဘူး။

ဒါေပမယ့္ အဆင္အျခင္မဲ့ ေလွ်ာက္သုံးရင္းကေန ေငြေၾကးအတြက္ စိတ္ဖိစီးပူပန္မႈေတြ ႀကဳံေတြ႕လာရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အာက္ပါနည္းလမ္းေတြကို လိုက္နာက်င့္သံုးမယ္ဆိုရင္ျဖင့္သင္ ရွာနိုင္တဲ့ ဝင္ေငြထဲမွ ေငြအပိုထြက္လာေစမွာ ျဖစ္ပါတယ္။

၁။ အသုံးစရိတ္တစ္ခု ေရးဆြဲပါ
တစ္လစာအတြက္ မျဖစ္မေနကုန္က်မယ့္ အနည္းဆုံး ကုန္က်စရိတ္ေတြကို ဖယ္ထားလိုက္ပါ။ က်န္တဲ့ေငြထဲက ပမာဏတစ္ခုကို အလြယ္တကူထုတ္လို႔မရႏိုင္တဲ့ ဘဏ္စာရင္းတစ္ခုထဲမွာ သြားအပ္ထားလိုက္ပါ။

၂။ ေစ်းဝယ္တတ္ပါေစ
တစ္ခုခုဝယ္ေတာ့မယ္ဆိုရင္ ဒီအရာကို လိုအပ္လား၊ ဘာအတြက္ သုံးမွာလဲ၊ ဘယ္အခ်ိန္မွာ သုံးမွာလဲ၊ အိမ္မွာရွိၿပီးသားလား စတဲ့ ေမးခြန္းေတြကို ျပန္ေျဖၾကည့္ပါ။ တကယ္လိုအပ္လို႔ ၀ယ္ဖို႔ဆုံးျဖတ္လိုက္ၿပီးရင္လည္း တစ္ခါတည္း တန္းမဝယ္လိုက္ပါနဲ႔။ အရည္အေသြးတူပစၥည္းကို ေစ်းႏႈန္းသက္သာတဲ့ေနရာကို ရွာေဖြဝယ္ယူပါ။

၃။ အိမ္မွာ ခ်က္ျပဳတ္ပါ
ကိုယ္တိုင္ခ်က္တဲ့ အစားအစာေတြက သန႔္ရွင္းလတ္ဆတ္ၿပီး က်န္းမာေရးနဲ႔လည္း ညီၫြတ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္တိုင္ခ်က္ျပဳတ္တတ္ေအာင္ ေလ့လာသင္ယူပါ။ ထမင္းဘူးထည့္ယူသြားၿပီး ေန႔လည္စာအတြက္ အပိုထြက္လာတဲ့ေငြကို ႐ုံးပိတ္ရက္မွာ သုံးဖို႔ ဖယ္ထားလိုက္ပါ။

Ref; accountingcoach

[ Unicode ]

ငွေစုဆောင်းဖို့နဲ့ ချွေတာဖို့က ပြောတာထက် လက်တွေ့မှာ ပိုမိုခက်ခဲပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း အများကြီး လိုအပ်ပါတယ်။ အများစုအတွက်တော့ ဝင်ငွေထက် လျော့နည်းတဲ့အသုံးစရိတ်နဲ့ နေထိုင်ဖို့က ပြောသလောက် မလွယ်ပါဘူး။
ဒါပေမယ့် အဆင်အခြင်မဲ့ လျှောက်သုံးရင်းကနေ ငွေကြေးအတွက် စိတ်ဖိစီးပူပန်မှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါ့ကြောင့် အာက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင်ဖြင့်သင် ရှာနိုင်တဲ့ ဝင်ငွေထဲမှ ငွေအပိုထွက်လာစေမှာ ဖြစ်ပါတယ်။

၁။ အသုံးစရိတ်တစ်ခု ရေးဆွဲပါ
တစ်လစာအတွက် မဖြစ်မနေကုန်ကျမယ့် အနည်းဆုံး ကုန်ကျစရိတ်တွေကို ချရေးလိုက်ပါ။ ကျန်တဲ့ငွေထဲက ပမာဏတစ်ခုကို အလွယ်တကူထုတ်လို့မရနိုင်တဲ့ ဘဏ်စာရင်းတစ်ခုထဲမှာ သွားအပ်ထားလိုက်ပါ။

၂။ ဈေးဝယ်တတ်ပါစေ
တစ်ခုခုဝယ်တော့မယ်ဆိုရင် ဒီအရာကို လိုအပ်လား၊ ဘာအတွက် သုံးမှာလဲ၊ ဘယ်အချိန်မှာ သုံးမှာလဲ၊ အိမ်မှာရှိပြီးသားလား စတဲ့ မေးခွန်းတွေကို ပြန်ဖြေကြည့်ပါ။ တကယ်လိုအပ်လို့ ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီးရင်လည်း တစ်ခါတည်း တန်းမဝယ်လိုက်ပါနဲ့။ အရည်အသွေးတူပစ္စည်းကို ဈေးနှုန်းသက်သာတဲ့နေရာကို ရှာဖွေဝယ်ယူပါ။

၃။ အိမ်မှာ ချက်ပြုတ်ပါ
ကိုယ်တိုင်ချက်တဲ့ အစားအစာတွေက သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်ချက်ပြုတ်တတ်အောင် လေ့လာသင်ယူပါ။ ထမင်းဘူးထည့်ယူသွားပြီး နေ့လည်စာအတွက် အပိုထွက်လာတဲ့ငွေကို ရုံးပိတ်ရက်မှာ သုံးဖို့ ဖယ်ထားလိုက်ပါ။

137 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.