Diet ဒိန္ခ်ဥ္စစ္စစ္လုပ္နည္း

ကိုယ္အေလးခ်ိန္ ထိန္းသိမ္းၿပီး Diet လုပ္ေနတဲ့ Trend ပရိသတ္ႀကီးတို႔အတြက္ ဒိန္ခ်ဥ္ စစ္စစ္လုပ္နည္း ေလး ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ႏြားႏို႔ ၁ ပိသာ
၂။ သၾကား (သို႔) ထန္းလ်က္ မဆိုစေလာက္ အနည္းငယ္
၃။ ဆား အနည္းငယ္
၄။ အခ်ဥ္ ထမင္းစားဇြန္း ၁ ဇြန္း
(ႏြားႏို႔ အစိမ္း အၾကမ္းပန္းကန္ ၁ လံုးစာကို ဘာမွမထည့္ဘဲ အခန္းအပူခ်ိန္မွာ ၂၄ နာရီထားရင္ အခ်ဥ္ ရပါၿပီ )

ျပဳလုပ္နည္း
၁။ ႏြားနို ့ ၁ ပိသာကို ဆူေအာင္ ၾကာၾကာကိ်ဳပါ။ အရမ္း မပ်စ္ေစပါနဲ႔။
၂။ ၿပီးရင္ မီးဖိုေပၚက ခ်ၿပီး အေအးခံပါ ။ လံုးဝ ေအးသြားတဲ့အထိ မေစာင့္ရပါ ။
၃။ အပူခ်ိန္ ေႏြးေႏြးေလးမွာ အခ်ဥ္ ထည့္ၿပီး ေမႊေပးပါ ။
၄။ ၿပီးရင္ အုပ္ေဆာင္းနဲ ့အုပ္ၿပီး မေရြ ့လ်ားေစဘဲ အခန္းအပူခ်ိန္မွာ၂၄ နာရီ ထားပါ ။ ၂၄ နာရီျပည့္ရင္ ဒိန္ခ်ဥ္ ျဖစ္ပါျပီ။ သတိျပဳရမွာေတြက ေလလံုေအာင္ အိုးကိုပိတ္မထားရပါဘူး ။ ခဏခဏလည္း မေမႊရပါဘူး ။ အခ်ဥ္ထည့္ခ်ိန္မွာသာ ေမႊေပးရတာပါ ။ အခ်ဥ္ထည့္ခ်ိန္မွာ လံုးဝေအးမေနရဘူး ။
ဒိန္ခ်ဥ္ရျပီဆိုရင္ေတာ့ ေနာက္ထပ္လုပ္မဲ့ ဒိန္ခ်ဥ္အတြက္ ဒိန္ခ်ဥ္အေဟာင္းကိုပဲ အခ်ဥ္အျဖစ္ သံုးလို႔ ရပါတယ္။ ဒိန္ခ်ဥ္ျဖစ္သြားျပီိဆိုရင္ ေရခဲေသတာထဲမွာ အၾကာႀကီးထားလို ့ရပါတယ္ ။
ဒိန္ခ်ဥ္နဲ ့စားဖို႔ သၾကား (သို႔) ထန္းလ်က္ က်ိဳရင္ ဆားေလး နည္းနည္းထည့္က်ိဳပါ ။ ေရကိုေတာ့ အမ်ားႀကီးမထည့္ပါနဲ ့။

ကဲ ခုဆိုရင္ေတာ့ Diet လုပ္ေနသူေတြအတြက္ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ဒိန္ခ်ဥ္စစ္စစ္ေလး သံုးေဆာင္ႏိုင္ပါၿပီေနာ္။

Ref; healthyfood

[ Unicode ]

ကိုယ်အလေးချိန် ထိန်းသိမ်းပြီး Diet လုပ်နေတဲ့ Trend ပရိသတ်ကြီးတို့အတွက် ဒိန်ချဉ် စစ်စစ်လုပ်နည်း လေး ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ
၁။ နွားနို့ ၁ ပိသာ
၂။ သကြား (သို့) ထန်းလျက် မဆိုစလောက် အနည်းငယ်
၃။ ဆား အနည်းငယ်
၄။ အချဉ် ထမင်းစားဇွန်း ၁ ဇွန်း
(နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ရပါပြီ )

ပြုလုပ်နည်း
၁။ နွားနို့ ၁ ပိသာကို ဆူအောင် ကြာကြာကျိုပါ။ အရမ်း မပျစ်စေပါနဲ့။
၂။ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ ။
၃။ အပူချိန် နွေးနွေးလေးမှာ အချဉ် ထည့်ပြီး မွှေပေးပါ ။
၄။ ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ အခန်းအပူချိန်မှာ၂၄ နာရီ ထားပါ ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး ။ ခဏခဏလည်း မမွှေရပါဘူး ။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး ။
ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ် သုံးလို့ ရပါတယ်။ ဒိန်ချဉ်ဖြစ်သွားပြီဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလို့ရပါတယ် ။
ဒိန်ချဉ်နဲ့စားဖို့ သကြား (သို့) ထန်းလျက် ကျိုရင် ဆားလေး နည်းနည်းထည့်ကျိုပါ ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။

ကဲ ခုဆိုရင်တော့ Diet လုပ်နေသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒိန်ချဉ်စစ်စစ်လေး သုံးဆောင်နိုင်ပါပြီနော်။

7K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.