ကိုယ္ေမြးတဲ့ ရာသီခြင္အလို္က္ လူေတြက ကိုယ့္အေပၚ ျမင္ၾကတဲ့ အျမင္ေတြ ရွိေနပါတယ္။ ေအာက္က အခ်က္ေလးေတြ ဖတ္ၾကည့္ရင္ေတာ့ျဖင့္ လူေတြက ကိုယ့္အေပၚ ဘယ္လို ျမင္ၾကသလဲ၊ ဘယ္လိုသေဘာထားရွိၾကလဲဆိုတာ သိရွိႏိုင္ပါၿပီ။
၁။ မိႆ (Aries)
အမွီအခိုကင္းၿပီး အေကာင္းျမင္ဝါဒီသမားေတြျဖစ္ၾကတယ္။ ဒါေပမဲ့ ေခါင္းမာၿပီး စိတ္မ႐ွည္ဘူး လို႔ ပတ္ဝန္းက်င္က ျမင္တယ္။
၂။ ၿပိႆ (Taurus)
လက္ေတြ႕ဆန္ၿပီး အလုပ္ႀကိဳးစားတယ္။ တခါ တခါ စိတ္အလိုလိုက္လြန္းတာ ဆိုးတယ္လို႔ လူေတြက ထင္တယ္။
၃။ ေမထုန္ (Gemini)
စူးစမ္းေလ့လာလိုစိတ္႐ွိၾကတယ္။ ညႇိႏႈိင္းလုပ္ေဆာင္တတ္တယ္။ အေပါင္းအသင္းဆံ့တယ္။ ဒါေပမဲ့ အလုပ္လုပ္ရင္ လွ်ပ္ျပာလွ်ပ္ျပာလုပ္ၿပီး ဆံုးျဖတ္ခ်က္လည္း မျပတ္သားၾကဘူး လို႔ ေျပာၾကတယ္။
၄။ ကရကဋ္ (Cancer)
စာနာသနားစိတ္႐ွိသူေတြ၊ မွီခိုအားကိုးလို႔ရသူေတြ ျဖစ္တယ္။ သူတစ္ပါးအေပၚ ၾကင္နာတတ္တယ္။ ဒါေပမဲ့ စိတ္တုိလြယ္တယ္၊ အဆိုးေတြခ်ည္းျမင္တတ္တယ္တဲ့။
၅။ သိဟ္ (Leo)
ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိၿပီး စမတ္က်သူေတြပဲ။ ဒါေပမဲ့ ဘဝျမင့္စိတ္ၾကီးဝင္လြန္းၿပီး သူမ်ားကိုလႊမ္းမိုးခ်င္တာ ခက္တယ္တဲ့။
၆။ ကန္ (Virgo)
ကိစၥတစ္ခုခုကို အေသးစိတ္ အလြန္အကၽြံကို ခြဲျခားစိတ္ျဖာေနစိတ္ရွိတယ္။ ပြင့္လင္းသြက္လက္သူေတြျဖစ္တယ္။ လူေတြနဲ႔အရမ္းအဆင္ေျပေအာင္ ေပါင္းတတ္တယ္၊ အလုပ္ႀကိဳးစားတယ္။ ဆိုးတာကေတာ့ သံသယမ်ားတာနဲ႔ အရမ္းကိုအျပစ္ရွာတတ္တယ္ လို႔ ထင္ၾကတယ္။
၇။ တူ (Libra)
မွ်တမႈနဲ႔ ဟန္ခ်က္ညီမႈကို လိုလားသူေတြေ လို႔ထင္တယ္။ လိမၼာပါးနပ္ၾကတယ္။ ဒါေပမဲ့ အလုပ္လုပ္ရင္ ေသေသသပ္သပ္မရွိဘူးတဲ့။
၈။ ၿဗိစၦာ (Scorpio)
ရဲရင့္မႈရွိသူေတြ၊ သဲႀကီးမဲႀကီးခ်စ္တတ္သူေတြလို႔ ျမင္တယ္။ ဒါေပမဲ့ ယံုၾကည္ေပးႏိုင္စြမ္းနည္းၿပီး တစ္ခုခုကို အလိုမက်စိတ္က ပိုမ်ားေနပါတယ္တဲ့။
၉။ ဓႏု (Sagittarius)
စြန္႔စားလိုစိတ္ရွိသူ၊ တက္ၾကြဖ်တ္လတ္ေတြသူေတြပဲ။ စိတ္မရွည္တာနဲ႔ ႀကိဳတင္ခန္႔မွန္းလို႔မရေအာင္ လုပ္ခ်င္တာေကာက္လုပ္ပလိုက္တာကေတာ့ ဆိုးကြက္ေပါ့ေလတဲ့။
၁၀။ မကာရ (Capricorn)
ကိုယ့္ကိုယ္ကိုထိန္းခ်ဳပ္ႏိုင္ၿပီး အိပ္မက္ေတြကို လက္ေတြ႕ျဖစ္လာေအာင္ လုပ္ေဆာင္ႏိုင္သူေတြလို႔ ထင္တယ္။ ၿပီးေတာ့ စည္းမ်ဥ္းစည္းကမ္းေတြကိုလိုက္နာၿပီး တာဝန္ခံစိတ္အျပည့္ရွိတယ္။ ဒါေပမဲ့ ခ်ဳပ္ထိန္းလြန္းတာနဲ႔ စိတ္ႀကီးဝင္တာေတာ့ မေကာင္းဘူးတဲ့။
၁၁။ ကုမ္ (Aquarius)
သူတစ္ပါးကို မမွီခိုဘဲ လြတ္လြတ္လပ္လပ္ေနတတ္သူေတြျဖစ္တယ္။ စစ္မွန္ရိုးသားၾကတယ္။ စိတ္လိုက္မာန္ပါလုပ္လြန္းေတာ့ ခဏခဏ ျပႆနာတက္ရ၊ စိတ္ညစ္ရတယ္တဲ့။
၁၂။ မိန္ (Pisces)
နူးညံ့သိမ္ေမြ႔တယ္လို႔ ျမင္ၾကတယ္။ အယံုလြယ္လြန္းတာကေတာ့ အားနည္းခ်က္ပဲတဲ့။
Ref; Baydin
[ Unicode ]
၁။ မိဿ (Aries)
အမှီအခိုကင်းပြီး အကောင်းမြင်ဝါဒီသမားတွေဖြစ်ကြတယ်။ ဒါပေမဲ့ ခေါင်းမာပြီး စိတ်မရှည်ဘူး လို့ ပတ်ဝန်းကျင်က မြင်တယ်။
၂။ ပြိဿ (Taurus)
လက်တွေ့ဆန်ပြီး အလုပ်ကြိုးစားတယ်။ တခါ တခါ စိတ်အလိုလိုက်လွန်းတာ ဆိုးတယ်လို့ လူတွေက ထင်တယ်။
၃။ မေထုန် (Gemini)
စူးစမ်းလေ့လာလိုစိတ်ရှိကြတယ်။ ညှိနှိုင်းလုပ်ဆောင်တတ်တယ်။ အပေါင်းအသင်းဆံ့တယ်။ ဒါပေမဲ့ အလုပ်လုပ်ရင် လျှပ်ပြာလျှပ်ပြာလုပ်ပြီး ဆုံးဖြတ်ချက်လည်း မပြတ်သားကြဘူး လို့ ပြောကြတယ်။
၄။ ကရကဋ် (Cancer)
စာနာသနားစိတ်ရှိသူတွေ၊ မှီခိုအားကိုးလို့ရသူတွေ ဖြစ်တယ်။ သူတစ်ပါးအပေါ် ကြင်နာတတ်တယ်။ ဒါပေမဲ့ စိတ်တိုလွယ်တယ်၊ အဆိုးတွေချည်းမြင်တတ်တယ်တဲ့။
၅။ သိဟ် (Leo)
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး စမတ်ကျသူတွေပဲ။ ဒါပေမဲ့ ဘဝမြင့်စိတ်ကြီးဝင်လွန်းပြီး သူများကိုလွှမ်းမိုးချင်တာ ခက်တယ်တဲ့။
၆။ ကန် (Virgo)
ကိစ္စတစ်ခုခုကို အသေးစိတ် အလွန်အကျွံကို ခွဲခြားစိတ်ဖြာနေစိတ်ရှိတယ်။ ပွင့်လင်းသွက်လက်သူတွေဖြစ်တယ်။ လူတွေနဲ့အရမ်းအဆင်ပြေအောင် ပေါင်းတတ်တယ်၊ အလုပ်ကြိုးစားတယ်။ ဆိုးတာကတော့ သံသယများတာနဲ့ အရမ်းကိုအပြစ်ရှာတတ်တယ် လို့ ထင်ကြတယ်။
၇။ တူ (Libra)
မျှတမှုနဲ့ ဟန်ချက်ညီမှုကို လိုလားသူတွေေ လို့ထင်တယ်။ လိမ္မာပါးနပ်ကြတယ်။ ဒါပေမဲ့ အလုပ်လုပ်ရင် သေသေသပ်သပ်မရှိဘူးတဲ့။
၈။ ဗြိစ္ဆာ (Scorpio)
ရဲရင့်မှုရှိသူတွေ၊ သဲကြီးမဲကြီးချစ်တတ်သူတွေလို့ မြင်တယ်။ ဒါပေမဲ့ ယုံကြည်ပေးနိုင်စွမ်းနည်းပြီး တစ်ခုခုကို အလိုမကျစိတ်က ပိုများနေပါတယ်တဲ့။
၉။ ဓနု (Sagittarius)
စွန့်စားလိုစိတ်ရှိသူ၊ တက်ကြွဖျတ်လတ်တွေသူတွေပဲ။ စိတ်မရှည်တာနဲ့ ကြိုတင်ခန့်မှန်းလို့မရအောင် လုပ်ချင်တာကောက်လုပ်ပလိုက်တာကတော့ ဆိုးကွက်ပေါ့လေတဲ့။
၁၀။ မကာရ (Capricorn)
ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်ပြီး အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် လုပ်ဆောင်နိုင်သူတွေလို့ ထင်တယ်။ ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး တာဝန်ခံစိတ်အပြည့်ရှိတယ်။ ဒါပေမဲ့ ချုပ်ထိန်းလွန်းတာနဲ့ စိတ်ကြီးဝင်တာတော့ မကောင်းဘူးတဲ့။
၁၁။ ကုမ် (Aquarius)
သူတစ်ပါးကို မမှီခိုဘဲ လွတ်လွတ်လပ်လပ်နေတတ်သူတွေဖြစ်တယ်။ စစ်မှန်ရိုးသားကြတယ်။ စိတ်လိုက်မာန်ပါလုပ်လွန်းတော့ ခဏခဏ ပြဿနာတက်ရ၊ စိတ်ညစ်ရတယ်တဲ့။
၁၂။ မိန် (Pisces)
နူးညံ့သိမ်မွေ့တယ်လို့ မြင်ကြတယ်။ အယုံလွယ်လွန်းတာကတော့ အားနည်းချက်ပဲတဲ့။