မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို ချက်ချင်းသတိထားမိနိုင်စေတဲ့ အရာများ
၁။ ဆံပင် ပုံစံ
၂။ မျက်လုံး အကြည့်
၃။ မျက်နှာ အနေအထား
၎။ ကိုယ်ဟန်အနေအထား
၅။ လက်ပုံစံ
Ref, manskills
[ Unicode ]
မိန်းကလေး တစ်ယောက်က သင့်ကို ကြည့်နေပါသလား။ သေချာပါတယ်။ သင်နဲ့ ပတ်သက်ပြီး သတိထားမိတဲ့ အရာတွေ အများကြီး ရှိပြီးသွားပါပြီ။ မိန်းကလေးတွေဟာ ယောင်္ကျားလေးတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သတိထားမိလိုက်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ရဲ့ အာရုံကို ဖမ်းစားဖို့ မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို ချက်ချင်းသတိထားမိနိုင်စေတဲ့ အရာတွေ Trend ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆံပင် ပုံစံ
ဆံပင်ကို လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာလို့ ဆိုကြပါတယ်။ မိန်းကလေးတစ်ယောက်က သင့်ကိုကြည့်လိုက်တာနဲ့ အရင်ဆုံးသတိထားမိတာက သင့်ရဲ့ဆံပင်ပဲဖြစ်ပါတယ်။
၂။ မျက်လုံး အကြည့်
သင့် အကြည့်တွေက ဘာကို ပြောနေလဲဆိုတာ သင့်မျက်လုံးက ဖော်ပြနေပါတယ်။ မိန်းကလေးတွေက သင့် အကြည့်တွေကနေ သင်ဟာ ဘယ်လို လူမျိုးလဲဆိုတာ အကဲခတ်ကြပါတယ်။
၃။ မျက်နှာ အနေအထား
ပြုံးတဲ့အခါ၊ စကားပြောတဲ့အခါ သင့်ရဲ့ နှုတ်ခမ်းတွေ ဘယ်လိုလှုပ်ရှားတတ်သလဲ။ သင့် မေးရိုးက ဘယ်လို အနေအထားလဲဆိုတာကိုလည်း မိန်းကလေးတွေက သတိပြုမိတတ်ကြပါသေးတယ်။
၄။ ကိုယ်ဟန်အနေအထား
ကိုယ်ဟန်အနေအထား မကောင်းတဲ့သူတွေကို မိန်းကလေးတွေက စိတ်မဝင်စားတတ်ကြပါဘူး။ ဒါ့ကြောင့် ကြည့်ကောင်းရုံဖြစ်လောက်တဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံမျိုးရရှိအောင် ကြိုးစားပါ။
၅။ လက်ပုံစံ
လက်၊ လက်မောင်း၊ လက်ဖျံတွေအကုန်လုံးကို မြင်တတ်ကြပါတယ်။ လက်မှာ သွေးကြောပေါ်တာ၊ မပေါ်တာ၊ မွှေးညှင်းနုလေးတွေ ရှိတာ၊ မရှိတာ စသဖြင့် အားလုံးကို သတိထားမိတတ်ကြပါတယ်။
80 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.