မျဖစ္ႏိုင္တာ မရွိဘူးဆိုသူမ်ား

ေအာက္ဆံုးေရာက္ေနေပမယ့္ ေအာင္ျမင္မႈကို လွမ္းယူဖို႔အတြက္ မျဖစ္ႏိုင္ဘူးဆိုတာနဲ႔ ေနာက္က်သြားၿပီဆိုတာ မရွိတဲ့အေၾကာင္း သက္ေသျပခဲ့ၾကတဲ့ ေအာင္ျမင္သူတို႔အေၾကာင္း Trend ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Barack Obama

Obama ကို အသက္(၁၈)ႏွစ္အရြယ္ တကၠသိုလ္ေက်ာင္းသူ မိခင္နဲ႔ သူမထက္ (၆)ႏွစ္ႀကီးတဲ ကင္ညာႏိုင္ငံသားဖခင္တို႔က ဟာ၀ိုင္အီမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ကိုလံဘီယာတကၠသိုလ္ကေန ဘြဲ႕ရၿပီးတဲ့ေနာက္မွာ Chicago က လူမႈအဖြဲ႕အစည္းတစ္ခုမွာ ႏွစ္အနည္းငယ္ၾကာေအာင္ အလုပ္လုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Harvard ဥပေဒေက်ာင္းကို တက္ေရာက္ခဲ့ၿပီး Harvard ဥပေဒျပန္လည္စိစစ္ေရးအဖြဲ႕ရဲ႕ အယ္ဒီတာျဖစ္ခဲ့ပါတယ္။ ဥပေဒနဲ႔ (၁၂)ႏွစ္ၾကာေအာင္ အသက္ေမြး၀မ္းေက်ာင္းျပဳခဲ့ၿပီးေနာက္မွာေတာ့ အေမရိကန္ဆီးနိတ္လႊတ္ေတာ္မွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အေမရိကန္ျပည္ေထာင္စုရဲ႕ မျဖစ္ႏိုင္ေလာက္ဘူးထင္ထားတဲ့ ပထမဆံုး အာဖရိကန္ႏြယ္ဖြား အေမရိကန္နိုင္ငံသား လူမည္းသမၼတအျဖစ္ ေအာင္ျမင္မႈ ရခဲ့ပါတယ္။

၂။ Howard Schultz


ဘရြတ္ကလင္းၿမိဳ႕က ဆင္းရဲသားမိသားစုမွာ ေမြးဖြားလာခဲ့တဲ့ Howard Schultz ဟာ ငယ္စဥ္အခါက ထူးခၽြန္တဲ့ အားကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ေကာလိပ္ေက်ာင္းကို အားကစားထူးခၽြန္ ပညာသင္စရိတ္နဲ႔ တက္ေရာက္ခဲ့ၿပီး ဘြဲ႕ရၿပီးတဲ့ေနာက္မွာ Xerox ကုမၸဏီမွာ အေရာင္း၀န္ထမ္းလုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ ဆြီဒင္ ေကာ္ဖီလုပ္ငန္းတစ္ခုျဖစ္တဲ့ Hammarplast မွာ အေထြေထြမန္ေနဂ်ာအျဖစ္လုပ္ခဲ့ၿပီး ဆီယက္တဲလ္ၿမိဳ႕အေျခစိုက္ ေကာ္ဖီေစ့အေရာင္းဆိုင္တစ္ခုျဖစ္တဲ့ Starbucks နဲ႔ အဆက္အသြယ္ရခဲ့ပါတယ္။ ဒီေနာက္မွာေတာ Starbucks ကုမၸဏီမွာ ဆက္လုပ္ျဖစ္ၿပီး ကမာၻကသိတဲ့ Starbucks ေကာ္ဖီလုပ္ငန္းႀကီးကို တည္ေထာင္လာႏိုင္ခဲ့ပါတယ္။

၃။ Harlan Sanders


KFC ဆိုရင္ သိၿပီးသားျဖစ္မွာပါ။ အဲဒီ KFC ရဲ႕ ပဲ့ကိုင္ရွင္ Harlan Sanders ဟာ သူ႔ဘ၀တစ္ေလွ်ာက္လံုးမွာ အလုပ္ေပါင္းစံုကို လုပ္ခဲ့ဖူးၿပီး ကံၾကမၼာက မ်က္ႏွာသာေပးျခင္းမခံခဲ့ရဖူးသူ ျဖစ္ပါတယ္။ သူဟာ ေရွ႕ေနတစ္ေယာက္အျဖစ္ကေန အလုပ္ျပဳတ္ခဲ့ဖူးသလို သူပိုင္ဆိုင္တဲ့ စားေသာက္ဆိုင္နဲ႔ ေမာ္တယ္တို႔လည္း မီးေလာင္းပ်က္စီးသြားခဲ့ဖူးပါတယ္။ ဒီအရာေတြကို ျပန္လည္တည္ေဆာက္ႏိုင္ခဲ့ေပမယ့္ ဒုတိယကမာၻစစ္ေၾကာင့္ စီးပြားေရးအဆင္မေျပျဖစ္ခဲ့ရျပန္ပါတယ္။ ေနာက္ဆံုးမွာေတာ့ Harlan Sanders ဟာ KFC ၾကက္ေၾကာ္လုပ္ငန္းစုၾကီးကို (၁၉၅၂)ခုႏွစ္မွာ တည္ေထာင္ႏိုင္ခဲ့ၿပီး အသက္ ၆၀ ေက်ာ္မွ ေအာင္ျမင္ခဲ့ပါတယ္။

၄။ J.K. Rowling


Harry Potter စာအုပ္ေတြနဲ႔ ရုပ္ရွင္ဇာတ္လမ္းေတြရဲ႕ စာေရးဆရာမ J.K Rowling ရဲ႕ ေအာင္ျမင္မႈကို မွန္းဆၾကည့္ႏိုင္မွာပါ။ စာအုပ္တိုက္ေပါင္းမ်ားစြာ ျငင္းခံခဲ့ရၿပီး ဘ၀ကို ဆင္းဆင္းရဲရဲနဲ႔ ျဖတ္သန္းခဲ့ရတဲ့ သူမဟာ ေအာင္ျမင္မႈနဲ႔အတူ ၿဗိတိန္မွာ အခ်မ္းသာဆံုးစာရင္းဝင္ ျဖစ္လာပါတယ္။ စာေရးသားျခင္းတစ္ခုတည္းကေန ေဒၚလာဘီလီယံခ်ီရရွိတဲ့ ဘီလ်ံနာတစ္ေယာက္လည္း ျဖစ္ေနပါၿပီ။

Ref; successgoals

အောက်ဆုံးရောက်နေပေမယ့် အောင်မြင်မှုကို လှမ်းယူဖို့အတွက် မဖြစ်နိုင်ဘူးဆိုတာနဲ့ နောက်ကျသွားပြီဆိုတာ မရှိတဲ့အကြောင်း သက်သေပြခဲ့ကြတဲ့ အောင်မြင်သူတို့အကြောင်း Trend ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

၁။ Barack Obama
Obama ကို အသက်(၁၈)နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မိခင်နဲ့ သူမထက် (၆)နှစ်ကြီးတဲ ကင်ညာနိုင်ငံသားဖခင်တို့က ဟာဝိုင်အီမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ကိုလံဘီယာတက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက်မှာ Chicago က လူမှုအဖွဲ့အစည်းတစ်ခုမှာ နှစ်အနည်းငယ်ကြာအောင် အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Harvard ဥပဒေကျောင်းကို တက်ရောက်ခဲ့ပြီး Harvard ဥပဒေပြန်လည်စိစစ်ရေးအဖွဲ့ရဲ့ အယ်ဒီတာဖြစ်ခဲ့ပါတယ်။ ဥပဒေနဲ့ (၁၂)နှစ်ကြာအောင် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီးနောက်မှာတော့ အမေရိကန်ဆီးနိတ်လွှတ်တော်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ မဖြစ်နိုင်လောက်ဘူးထင်ထားတဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား လူမည်းသမ္မတအဖြစ် အောင်မြင်မှု ရခဲ့ပါတယ်။

၂။ Howard Schultz
ဘရွတ်ကလင်းမြို့က ဆင်းရဲသားမိသားစုမှာ မွေးဖွားလာခဲ့တဲ့ Howard Schultz ဟာ ငယ်စဉ်အခါက ထူးချွန်တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကောလိပ်ကျောင်းကို အားကစားထူးချွန် ပညာသင်စရိတ်နဲ့ တက်ရောက်ခဲ့ပြီး ဘွဲ့ရပြီးတဲ့နောက်မှာ Xerox ကုမ္ပဏီမှာ အရောင်းဝန်ထမ်းလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဆွီဒင် ကော်ဖီလုပ်ငန်းတစ်ခုဖြစ်တဲ့ Hammarplast မှာ အထွေထွေမန်နေဂျာအဖြစ်လုပ်ခဲ့ပြီး ဆီယက်တဲလ်မြို့အခြေစိုက် ကော်ဖီစေ့အရောင်းဆိုင်တစ်ခုဖြစ်တဲ့ Starbucks နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ဒီနောက်မှာတော Starbucks ကုမ္ပဏီမှာ ဆက်လုပ်ဖြစ်ပြီး ကမ္ဘာ့ကသိတဲ့ Starbucks ကော်ဖီလုပ်ငန်းကြီးကို တည်ထောင်လာနိုင်ခဲ့ပါတယ်။

၃။ Harlan Sanders
KFC ဆိုရင် သိပြီးသားဖြစ်မှာပါ။ အဲဒီ KFC ရဲ့ ပဲ့ကိုင်ရှင် Harlan Sanders ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ အလုပ်ပေါင်းစုံကို လုပ်ခဲ့ဖူးပြီး ကံကြမ္မာက မျက်နှာသာပေးခြင်းမခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ သူဟာ ရှေ့နေတစ်ယောက်အဖြစ်ကနေ အလုပ်ပြုတ်ခဲ့ဖူးသလို သူပိုင်ဆိုင်တဲ့ စားသောက်ဆိုင်နဲ့ မော်တယ်တို့လည်း မီးလောင်းပျက်စီးသွားခဲ့ဖူးပါတယ်။ ဒီအရာတွေကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ကြောင့် စီးပွားရေးအဆင်မပြေဖြစ်ခဲ့ရပြန်ပါတယ်။ နောက်ဆုံးမှာတော့ Harlan Sanders ဟာ KFC ကြက်ကြော်လုပ်ငန်းစုကြီးကို (၁၉၅၂)ခုနှစ်မှာ တည်ထောင်နိုင်ခဲ့ပြီး အသက် ၆၀ ကျော်မှ အောင်မြင်ခဲ့ပါတယ်။

၄။ J.K. Rowling
Harry Potter စာအုပ်တွေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေရဲ့ စာရေးဆရာမ J.K Rowling ရဲ့ အောင်မြင်မှုကို မှန်းဆကြည့်နိုင်မှာပါ။ စာအုပ်တိုက်ပေါင်းများစွာ ငြင်းခံခဲ့ရပြီး ဘဝကို ဆင်းဆင်းရဲရဲနဲ့ ဖြတ်သန်းခဲ့ရတဲ့ သူမဟာ အောင်မြင်မှုနဲ့အတူ ဗြိတိန်မှာ အချမ်းသာဆုံးစာရင်းဝင် ဖြစ်လာပါတယ်။ စာရေးသားခြင်းတစ်ခုတည်းကနေ ဒေါ်လာဘီလီယံချီရရှိတဲ့ ဘီလျံနာတစ်ယောက်လည်း ဖြစ်နေပါပြီ။

186 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.