Detox Water သောက်တာ ကျန်းမာရေးအတွက် တကယ်ကောင်းတာလား
၂။ Simple Detox Water
၇။ Fruits Detox Water
Ref;healthline
Detox Water ကို ပုံမှန်သောက်ရင် ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှုရှိပါသလဲ။ Detox water ကို ပုံမှန်သောက်သုံးပေးရင် အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်စင်ရှင်းလင်းပေးပြီး ဝိတ်ကျကာ အသားအရေလှပစေပါတယ်။
ဒါကြောင့် Trend ပရိသတ်ကြီး သောက်ဖို့ Detox Water ပြုလုပ်နည်း အမျိုးမျိုးကို ဖော်ပြပေးလိုက်တယ်နော်။
ဂရုပြုရမယ့် အချက်ကတော့ စိမ်ထားတဲ့ ရေတွေကို (၄၈) နာရီအတွင်း ကုန်အောင် သောက်သုံးပေးပါ။
၁။ Strawberry Detox Water
စတော်ဘယ်ရီသီးလေးများကို သောက်ရေထဲ ထည့်စိမ်၍ သောက်ပါ။
၂။ Simple Detox Water
သံပရာသီး၊ သံပယိုသီး၊ ရှောက်သီး တစ်မျိုးမျီုးကို သောက်ရေထဲသို့ တစ်စိတ်လောက် ညှစ်ထည့်၍ သောက်ပါ။
၃။ Apple Cider Vinegar Detox Water
Apple Cider Vinegar အရည်ကို သောက်ရေခွက်ထဲ အနည်းငယ် ထည့်စိမ်၍ သောက်ပါ။
၄။ Cucumber Lemon Mint Detox Water
သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး သောက်ပါ။
၅။ Apple Cinnamon Detox Water
ပန်းသီးစိတ်နှင့် သစ်ချပိုးမှုန့် အနည်းငယ်ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။
၆။ Weight Loss Detox Water
Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီးတို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ဝိတ်ကိုလည်း ကျစေပါတယ်။
၇။ Fruits Detox Water
အကောင်းဆုံးနဲ့ အရသာအရှိဆုံး ဖြစ်ပါတယ်။ သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်ထည့်စိမ်ပြီး သောက်ပါ။
Ref;healthline
73 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.