ကိုရီးယားကောင်လေးတစ်ယောက်ကို ချစ်မိရင်
၁။ Style ကျခြင်း
၃။ အပြင်ထွက်ခြင်း
၅။ ဂရုစိုက်ခြင်း
၆။ အိမ်ပြန်ပို့ခြင်း
Ref; Koreanculture
အချစ်ဆိုတာ ထူးဆန်းလွန်းပါတယ်။ အချစ်အတွက် စွန့်လွှတ် စွန့်စားကြတာတွေ၊ နိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှုတွေ ကွာခြားနေပေမယ့် ချစ်မိသွားကြတဲ့ ချစ်သူတွေ အများအပြားရှိနေပါတယ်။ ဒါကြောင့် နိုင်ငံချင်း၊ ယဉ်ကျေးမှုချင်း ခြားနေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်နဲ့ ချစ်သူဖြစ်မိပြီဆိုရင် သိသင့်တဲ့ အချက်လေးတွေ Trend ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Style ကျခြင်း
Korean men တွေက ဖက်ရှင်ကျကျ မိန်းကလေးတွေကို ကြိုက်ကြပါတယ်။ ဒါကြောင့် Cute လား၊ Sexy လား၊ Classic လား သင့်မှာ ကိုယ်ပိုင်ဟန်တစ်ခု ရှိပါစေ။
၂။ အစား ကောင်းကောင်း စားခြင်း
ပိန်ပိန်သေးသေးနဲ့ အစားအများကြီးစားတဲ့ ကောင်မလေးဆို အရမ်းသဘောကျဆိုပဲ။
၃။ အပြင်ထွက်ခြင်း
ကော်ဖီဆိုင်လား၊ စားသောက်ဆိုင်လား သွားရမယ့်နေရာတွေကို သူက မေးပြီး ရွေးချယ်ခိုင်းပါလိမ့်မယ်။ သူတို့ကိုယ်တိုင် ရွေးချယ်လေ့မရှိပါဘူး။
၄။ အထိမ်းအမှတ် ပြုလုပ်ခြင်း
အခုနောက်ပိုင်း ကိုရီးယားယောင်္ကျားလေးတွေက ချစ်သူဖြစ်တဲ့ အထိမ်းအမှတ်ကို အရမ်း တန်ဖိုးထားလာကြပါတယ်။ အဲဒါကတော့ Korean drama တွေကြောင့် ဖြစ်လာတာလို့ ဆိုပါတယ်။
သူတို့က anniversary နဲ့ သတ်မှတ်တာမဟုတ်ဘဲ ချစ်သူဖြစ်တဲ့ ရက်ပေါင်း ၅၀၊ ရက်ပေါင်း ၁၀၀ အဲဒီလိုမျိုး သတ်မှတ်ကြတာပါ။
၅။ ဂရုစိုက်ခြင်း
ချစ်သူမိန်းကလေးက အင်္ကျီလက်ပြတ်လေး၊ စကပ်တို စတာလေးတွေ ဝတ်လာရင် ချစ်သူအတွက် သူတို့ coat၊ အနွေးထည်အင်္ကျီခြုံပေးကြပါတယ်။
၆။ အိမ်ပြန်ပို့ခြင်း
မိန်းကလေးတစ်ယောက်ကို ချစ်မိရင် သူတို့က အိမ်ပြန်ပို့ဖို့ ကြိုးစားတတ်ကြပါတယ်။ ချစ်သူဖြစ်လာပြီဆိုရင်တော့ အိမ်အပြန်ကို ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ ပြန်ပို့ပေးတာက korean men တွေရဲ့ အကျင့်တစ်ခုပါတဲ့။
Ref; Koreanculture
280 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.