သင္႔ IQ ထက္ EQ ပိုေကာင္းေၾကာင္း ေျပာျပႏိုင္မယ့္ အရာမ်ား

ဥာဏ္ရည္ထက္ျမက္မႈ (IQ) ထက္ပိုၿပီး Emotional Intelligence (EQ) ဟာ လူတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈမွာ အေရးပါေနပါၿပီ။ သင္ဟာ ေအာင္ျမင္သူျဖစ္လာမယ့္ EQ ပိုေကာင္းသူလား။ ေအာက္ပါအခ်က္ေတြနဲ႔ တိုက္ဆိုင္ စစ္ေဆးၾကည့္လိုက္ပါ။

၁။ ေျပာင္းလဲမႈ
ေျပာင္းလဲမႈဟာ ဘ၀ရဲ႕ လိုအပ္ခ်က္တစ္ခုဆိုတာကို နားလည္ထားၾကၿပီး အလိုက္သင့္ေျပာင္းလဲႏိုင္စြမ္းရွိၾကပါတယ္။ EQ ျမင့္မားသူေတြဟာ ေျပာင္းလဲမႈကို မေၾကာက္ၾကပါဘူး။

၂။ ကိုယ့္အေၾကာင္း
သူတို႔ဘယ္ေနရာမွာ ထူးခၽြန္လဲ၊ ဘာေတြကို ဆက္ၿပီး ေလ့လာဖို႔ လိုလဲ၊ သူတို႔ရဲ႕ အားနည္းခ်က္ေတြက ဘာေတြလဲဆိုတာကို နားလည္သေဘာေပါက္ၾကပါတယ္။

၃။ ကိုယ္ခ်င္းစာတတ္ျခင္း
အျခားသူေတြအတြက္ ကိုယ္ခ်င္းစာတတ္ၿပီး မွ်ေ၀ခံစားတတ္ျခင္းပဲ ျဖစ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္နဲ႔ အေပါင္းအသင္းေတြရဲ႕ အခက္အခဲေတြနဲ႔ ျပႆနာေတြကို နားလည္ႏိုင္စြမ္းရွိၾကၿပီး ကူညီေျဖရွင္းေပးတတ္ၾကသူေတြ ျဖစ္ပါတယ္။

၄။ သင္ခန္းစာယူႏိုင္မႈ
ၿပီးျပည့္စံုမႈဆိုတာ မျဖစ္ႏိုင္မွန္း သူတို႔ေတြ သိထားၾကပါတယ္။ လုပ္ေဆာင္မိတဲ့ အမွားနဲ႔ ေတြ႕ၾကံဳရတဲ့ အခက္အခဲေတြကေန သင္ခန္းစာလည္း ယူတတ္ၾကပါတယ္။

၅။ ဟန္ခ်က္ညီျခင္း
မိမိကိုယ္ကို အေကာင္းဆံုး သိမွတ္ဆင္ျခင္ႏိုင္စြမ္းေၾကာင့္ အလုပ္ခ်ိန္ျပင္ပမွာ ေကာင္းေကာင္းစား၊ ေကာင္းေကာင္းနားၿပီး အလုပ္နဲ႔ ဘ၀ကို ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းႏိုင္စြမ္းရွိၾကပါတယ္။

၆။ သိခ်င္စိတ္
ေမးခြန္းေတြ ေမးေလ့ရွိၿပီး ေျဖရွင္းခ်က္အသစ္ေတြကို လက္ခံႀကိဳဆိုၾကပါတယ္။ ဘာမဆို စူးစမ္းေလ့လာလိုစိတ္က သူတို႔ကို ထင္ေပၚေစတဲ့အခ်က္တစ္ခု ျဖစ္ပါတယ္။
ေနာက္ၿပီး IQ ဟာ မ်ိဳးရိုးနဲ႔ အမ်ားၾကီး သက္ဆုိင္ေနေပမယ့္ EQ က သင္ယူလို႔၊ ေလ့က်င့္လို႔၊ မြမ္းမံလို႔ ရပါတယ္တဲ့။
ဒါေၾကာင့္ Trend ပရိသတ္ႀကီးလည္း EQ ပိုေကာင္းေအာင္ ျပဳျပင္လို႔ ရပါေၾကာင္း သတင္းေကာင္း ပါးလိုက္ပါတယ္ေနာ္။

Ref; brainquotes

[ Unicode ]

ဉာဏ်ရည်ထက်မြက်မှု (IQ) ထက်ပိုပြီး Emotional Intelligence (EQ) ဟာ လူတစ်ယောက်ရဲ့ အောင်မြင်မှုမှာ အရေးပါနေပါပြီ။ သင်ဟာ အောင်မြင်သူဖြစ်လာမယ့် EQ ပိုကောင်းသူလား။ အောက်ပါအချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ပါ။

၁။ ပြောင်းလဲမှု
ပြောင်းလဲမှုဟာ ဘဝရဲ့ လိုအပ်ချက်တစ်ခုဆိုတာကို နားလည်ထားကြပြီး အလိုက်သင့်ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ EQ မြင့်မားသူတွေဟာ ပြောင်းလဲမှုကို မကြောက်ကြပါဘူး။

၂။ ကိုယ့်အကြောင်း
သူတို့ဘယ်နေရာမှာ ထူးချွန်လဲ၊ ဘာတွေကို ဆက်ပြီး လေ့လာဖို့ လိုလဲ၊ သူတို့ရဲ့ အားနည်းချက်တွေက ဘာတွေလဲဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။

၃။ ကိုယ်ချင်းစာတတ်ခြင်း
အခြားသူတွေအတွက် ကိုယ်ချင်းစာတတ်ပြီး မျှဝေခံစားတတ်ခြင်းပဲ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ အပေါင်းအသင်းတွေရဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို နားလည်နိုင်စွမ်းရှိကြပြီး ကူညီဖြေရှင်းပေးတတ်ကြသူတွေ ဖြစ်ပါတယ်။

၄။ သင်ခန်းစာယူနိုင်မှု
ပြီးပြည့်စုံမှုဆိုတာ မဖြစ်နိုင်မှန်း သူတို့တွေ သိထားကြပါတယ်။ လုပ်ဆောင်မိတဲ့ အမှားနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေကနေ သင်ခန်းစာလည်း ယူတတ်ကြပါတယ်။

၅။ ဟန်ချက်ညီခြင်း
မိမိကိုယ်ကို အကောင်းဆုံး သိမှတ်ဆင်ခြင်နိုင်စွမ်းကြောင့် အလုပ်ချိန်ပြင်ပမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနားပြီး အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်စွမ်းရှိကြပါတယ်။

၆။ သိချင်စိတ်
မေးခွန်းတွေ မေးလေ့ရှိပြီး ဖြေရှင်းချက်အသစ်တွေကို လက်ခံကြိုဆိုကြပါတယ်။ ဘာမဆို စူးစမ်းလေ့လာလိုစိတ်က သူတို့ကို ထင်ပေါ်စေတဲ့အချက်တစ်ခု ဖြစ်ပါတယ်။
နောက်ပြီး IQ ဟာ မျိုးရိုးနဲ့ အများကြီး သက်ဆိုင်နေပေမယ့် EQ က သင်ယူလို့၊ လေ့ကျင့်လို့၊ မွမ်းမံလို့ ရပါတယ်တဲ့။
ဒါကြောင့် Trend ပရိသတ်ကြီးလည်း EQ ပိုကောင်းအောင် ပြုပြင်လို့ ရပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်နော်။

Ref; brainquotes

695 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.