သင် အချစ်စစ်နဲ့ ချစ်ဖူးပါသလား







Ref; theepochtimes

[ Unicode ]

သင်တို့ ချစ်ဖူးကြပါသလား။ ရုပ်အဆင်းအင်္ဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်ဖူးကြပါသလား။ နောက်ပြီး ပတ်ဝန်းကျင်ရဲ့ အမြင်တွေကို ဂရုစိုက်ဖူးပါသလား။

ချစ်ခြင်းတရားနဲ့ပတ်သက်ပြီး ရုပ်ပျက်ဆင်းပျက်ချစ်သူကို ဂုဏ်ယူစွာ လက်ထပ်ခဲ့လို့ ချီးကျူးခံခဲ့ရတဲ့ အမျိုးသားတစ်ယောက်ကတော့ ထွက်ပေါ်လာပါပြီ။

ဒီ အမျိုးသားရဲ့နာမည်ကတော့ Edmilson Alcântara ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံ၊ Ceará မှာ နေထိုင်ပါတယ်။ သူဟာ ရုပ်ရည်မှာ ကြောက်မက်ဖွယ် ချစ်သူ Karine de Souza ကိုရဲရဲဝင့်ဝင့် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကြည်နူးဖွယ်ဓာတ်ပုံတွေဟာ လူငယ်ထုကြားမှာ အချစ်စံပြအဖြစ် နာမည်ကျော်နေပါတယ်။

သူ့ချစ်သူဟာ Xeroderma Pigmentosum ဆိုတဲ့ ရှားပါးလှတဲ့ အရေပြားပျက်စီးမှုရောဂါကို ခံစားနေရသူဖြစ်ပြီး ကုသလို့မရတဲ့ ရောဂါလို့လည်း သိရပါတယ်။ ကြောက်စရာ ရုပ်အဆင်းရှိနေတယ်ဆိုပေမယ့် သူမမှာ သူ အံ့အားသင့်တဲ့ သတ္တိကိုပိုင်ဆိုင်ထားတဲ့အတွက် ဒီအချက်တစ်ခုနဲ့တင် ချစ်မိသွားတာပါ လို့ သူက ဆိုပါတယ်။

တကယ်တော့ အချစ်ဆိုတဲ့အရာဟာ တကယ်ချစ်မိသွားတယ်ဆိုရင် အရေပြားတထောက်စာ မဟုတ်ဘဲ ချစ်သူ ဘာပဲဖြစ်ဖြစ် ချစ်နေမှာပါ ဆိုတာကို သူတို့ စုံတွဲက သက်သေပြ နေပါတော့တယ်။
Ref; theepochtimes

454 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.