ဒီနိုင်ငံတွေ ရောက်ရင် ဒါတွေ လုံးဝ မလုပ်ပါနဲ့
ထိုင်း
ဂျပန်
အီတလီ
ဂရိ
ပြင်သစ်
Ref; redbookmag
ကမ္ဘာအနှံ့ ခြေဆန့်မယ်ဆိုရင်တော့ ဒီအချက်တွေ လိုက်နာဖို့ လိုအပ်ပြီပေါ့။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ မလုပ်ရဘူး၊ ဥပဒေနဲ့မလွတ်ဘူးဆိုတဲ့ ထူးခြားတဲ့ စည်းကမ်းတွေကို Trend ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်နော်။
ထိုင်း
ထိုင်းနိုင်ငံမှာတော့ သူတို့ရဲ့ တရားဝင်ငွေကြေးဖြစ်တဲ့ ဘတ်ငွေကို ခြေထောက်နဲ့နင်းလို့မရပါဘူး။ ငွေစက္ကူပုံပေါ်က ထိုင်းဘုရင်ရဲ့ ပုံရိပ်ကြောင့် ပိုက်ဆံကို ခြေထောက်နဲ့နင်းတာက သူတို့ဘုရင်ကို စော်ကားသလိုပါပဲတဲ့။
ဂျပန်
ဂျပန်နိုင်ငံမှာ စက်ဘီးစီးရင် လမ်းဘယ်ဖက်ကနေပဲ စီးရပါတယ်တဲ့။ စည်းကမ်းချိုးဖောက်ခဲ့ရင်တော့ ထောင်ထဲမှာနေမလား၊ ဒဏ်ငွေဆောင်မလား။
အီတလီ
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ကို ယူနက်စကိုရဲ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ အတွက်ကြောင့် အဖိုးတန် ရှေးဟောင်း အဆောက်အဦတွေ ပျက်စီးမှာစိုးတဲ့အတွက် ခိုစာတွေကျွေးဖို့ကို ကန့်သတ်ထားပါတယ်။ စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေဆောင်ရမှာဖြစ်ပါတယ်။
ဂရိ
ဂရိနိုင်ငံထဲက သမိုင်းဝင်နေရာတွေမှာ ဒေါက်ဖိနပ်စီးခြင်းကို တားမြစ်ထားပါတယ်။ ဖိနပ်ရဲ့ဒေါက်ချွန်တွေက သမိုင်းဝင် မြေပြင်အနေအထားကို ထိခိုက်စေလို့ပါတဲ့။
ပြင်သစ်
ကမ္ဘာပေါ်မှာ ရိုမန်းတစ်အဖြစ်ဆုံးနိုင်ငံတစ်ခုမှာ မနမ်းရတဲ့ နေရာ သတ်မှတ်ထားတယ်ဆိုတော့ ထူးဆန်းသွားမလား။ ဟုတ်ပါတယ်။ ပြင်သစ်နိုင်ငံထဲက မီးရထားဘူတာရုံပလက်ဖောင်းတွေပေါ်မှာ အချင်းချင်းနမ်းခွင့်မရှိပါဘူး။ ချစ်သူတွေ တစ်ယောက်နဲ့တစ်ယောက် နမ်းရှုံ့နေကြတာကြောင့် ရထားခရီးစဉ်တွေ နောက်ကျကုန်ရတယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့်ပါပဲ။
Ref; redbookmag
64 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.