အလွအပေရးရာအျဖာျဖာအတြက္ အုန္းဆီရဲ႕ အ႔ံမခန္း အသံုးဝင္မႈမ်ား

ေငြကုန္ေၾကးက်နည္းၿပီး ထိေရာက္မႈရွိတဲ့သဘာဝနည္းလမ္းေတြနဲ႔ အသားအေရ၊ အလွအပ ထိန္းသိမ္းတာကို ဒီေန႔ေခတ္ မိန္းကေလးတိုင္း သေဘာက်ႏွစ္ၿခိဳက္လာၾကပါၿပီ။
ဒါေၾကာင့္ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းနဲ႔ လွပဖုိ႔ Trend ပရိသတ္ႀကီးအတြက္ အုန္းဆီရဲ႕ ေကာင္းက်ိဳးအျဖာျဖာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ မိတ္ကပ္ဖ်က္မယ္
– Cotton Pad နဲ႔အုန္းဆီအနည္းငယ္ကို ဆြတ္ၿပီး မ်က္ႏွာေပၚကမိတ္ကပ္နဲ႔ မ်က္လုံးမွာျခယ္ထားတဲ့ Eyeshadow ေတြကိုဖ်က္ဖို႔ မိတ္ကပ္ဖ်က္ေဆးအေနနဲ႔သံုးေပးလို႔ရပါတယ္။

၂။ အမည္းကြက္ေတြ ေဖ်ာက္မယ္
– တံေတာင္ဆစ္နဲ႔ ဒူးေခါင္းတို႔မွာရွိတဲ့ အသားမာမ်ားနဲ႔ အမည္းကြက္ေတြကို သံပုရာရည္နဲ႔အုန္းဆီတို႔ကိုဆတူေရာစပ္ၿပီး သံပုရာခြံနဲ႔ပြတ္တိုက္ေပးပါ။ ဆဲလ္ေသေတြကိုပါးသြားေစၿပီး ၾကည္လင္ေခ်ာေမြ႔တဲ့အသားအရည္ေလးကို ရရွိပိုင္ဆိုင္ေစနိုင္ပါတယ္။

၃။ ဆံေကသာ လွဖို႔
-ဆံေကသာျပႆနာေတြေျဖရွင္းရာမွာလည္း အုန္းဆီက တကယ့္ကိုမပါမျဖစ္ပါပဲ။ ဦးေရျပားေတြ ေျခာက္ေသြ႕ၿပီးယားယံေနရင္ျဖစ္ျဖစ္၊ ဆံသားေတြက်ိဳးေၾကေနရင္ပဲ ျဖစ္ျဖစ္ တစ္ညတာအုန္းဆီလိမ္းအိပ္ၿပီး ေခါင္းေလွ်ာ္ခ်ေပးမယ္ဆိုရင္ က်န္းမာသန္စြမ္းတဲ့ဆံေကသာအလွကိုပိုင္ဆိုင္ေစမွာပါ။

၄။ Moisture ျဖည့္တင္းမယ္
– အုန္းဆီရဲ႕ေနာက္ထပ္အားသာခ်က္တစ္ခုကေတာ့ အစိုဓာတ္ျဖည့္စြမ္းေပးႏိုင္ျခင္းပါပဲ။
ဒါေၾကာင့္ ေျခေထာက္ေတြ လက္ေတြနဲ႔ ႏႈတ္ခမ္းေတြကိုအုန္းဆီလိမ္းေပးျခင္းျဖင့္လည္း အခုလိုေဆာင္းရာသီမွာ အျဖစ္မ်ားတတ္တဲ့ ေျခဖေနာင့္ကြဲျခင္းနဲ႔ႏႈတ္ခမ္းကြဲျခင္းေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။

Ref; healthline

[ Unicode ]

ငွေကုန်ကြေးကျနည်းပြီး ထိရောက်မှုရှိတဲ့သဘာဝနည်းလမ်းတွေနဲ့ အသားအရေ၊ အလှအပ ထိန်းသိမ်းတာကို ဒီနေ့ခေတ် မိန်းကလေးတိုင်း သဘောကျနှစ်ခြိုက်လာကြပါပြီ။
ဒါကြောင့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းနဲ့ လှပဖို့ Trend ပရိသတ်ကြီးအတွက် အုန်းဆီရဲ့ ကောင်းကျိုးအဖြာဖြာကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိတ်ကပ်ဖျက်မယ်
Cotton Pad နဲ့အုန်းဆီအနည်းငယ်ကို ဆွတ်ပြီး မျက်နှာပေါ်ကမိတ်ကပ်နဲ့ မျက်လုံးမှာခြယ်ထားတဲ့ Eyeshadow တွေကိုဖျက်ဖို့ မိတ်ကပ်ဖျက်ဆေးအနေနဲ့သုံးပေးလို့ရပါတယ်။

အမည်းကွက်တွေ ဖျောက်မယ်
တံတောင်ဆစ်နဲ့ ဒူးခေါင်းတို့မှာရှိတဲ့ အသားမာများနဲ့ အမည်းကွက်တွေကို သံပုရာရည်နဲ့အုန်းဆီတို့ကိုဆတူရောစပ်ပြီး သံပုရာခွံနဲ့ပွတ်တိုက်ပေးပါ။ ဆဲလ်သေတွေကိုပါးသွားစေပြီး ကြည်လင်ချောမွေ့တဲ့အသားအရည်လေးကို ရရှိပိုင်ဆိုင်စေနိုင်ပါတယ်။

ဆံကေသာ လှဖို့
ဆံကေသာပြဿနာတွေဖြေရှင်းရာမှာလည်း အုန်းဆီက တကယ့်ကိုမပါမဖြစ်ပါပဲ။ ဦးရေပြားတွေ ခြောက်သွေ့ပြီးယားယံနေရင်ဖြစ်ဖြစ်၊ ဆံသားတွေကျိုးကြေနေရင်ပဲ ဖြစ်ဖြစ် တစ်ညတာအုန်းဆီလိမ်းအိပ်ပြီး ခေါင်းလျှော်ချပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ဆံကေသာအလှကိုပိုင်ဆိုင်စေမှာပါ။

Moisture ဖြည့်တင်းမယ်
အုန်းဆီရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ အစိုဓာတ်ဖြည့်စွမ်းပေးနိုင်ခြင်းပါပဲ။
ဒါကြောင့် ခြေထောက်တွေ လက်တွေနဲ့ နှုတ်ခမ်းတွေကိုအုန်းဆီလိမ်းပေးခြင်းဖြင့်လည်း အခုလိုဆောင်းရာသီမှာ အဖြစ်များတတ်တဲ့ ခြေဖနောင့်ကွဲခြင်းနဲ့နှုတ်ခမ်းကွဲခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။

Ref; healthline

198 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.