ဆိုရှယ်နက်ဝေါ့ခ်တွေမှာ အမြဲယှဉ်ပြိုင်နေကြတဲ့ ယှဉ်ပြိုင်မှုတွေထဲမှာ ဓာတ်ပုံကို သူ့ ထက်ငါသာအောင် ခြယ်မှုန်းပြုပြင်လာကြတာ တွေ့ ရပါတယ်။ ဓာတ်ပုံပြုပြင်တာကို ဝါသနာပါတဲ့ သူတွေအတွက် Adobe Photoshop ဓာတ်ပုံပြင်တဲ့ ဆော့ဖ်ဝဲလ်ကို ဈေးကြီးပေးပြီးမှ တရားဝင် ဝယ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ဓာတ်ပုံကို အခကြေးငွေမပေးရဘဲ ပြုပြင်လို့ ရတဲ့ ဆော့ဖ်ဝဲလ် ၅ခုကို ဖော်ပြပေးပါမယ်။
၁) Picasa
Google ကထုတ်လုပ်ထားတဲ့ ယုံကြည် စိတ်ချရဆုံး ဓာတ်ပုံပြင်တဲ့ ဆော့ဖ်ဝဲလ်ပါ။ သင်ပြုပြင်ချင်တဲ့ပုံတွေကို လွယ်လွယ်ကူကူနဲ့ စိတ်တိုင်းကျပြုပြင်နိုင်ပြီး ပြင်ပြီးသားပုံတွေကို Google+ profile ဒါမှာမဟုတ် Picasa Web Albums မှာတိုက်ရိုက်ချိတ်ဆက် တင်နိုင်ပါတယ်။
၂) GIMP
Adobe Photoshop နဲ့ ခပ်ဆင်ဆင် function တွေပါဝင်ပါတယ်။ Photoshop အစားထိုးအသုံးပြုနိုင်တဲ့ GIMP (GNU Image Manipulation Program) ဖြစ်လို့  အသုံးပြုသူတွေကို ကြည်လင်ပြတ်သားပြီး လှပတဲ့ ပုံတွေကို ပေးစွမ်းနိုင်ပါတယ်။
၃) PhotoScape
PhotoScape ကတော့ သင့်ပုံတွေမှာ ချစ်ဖို့ ကောင်းပြီး ရယ်စရာကောင်းတဲ့ပုံလေးတွေ ထည့်ပြီး သင့်ပုံတွေကို အလှဆင် ခြယ်သ လို့ ရပါတယ်။ GIF format အနေနဲ့ လည်း ပုံတွေကို အသက်ဝင်လှုပ်ရှားအောင်ပြုလုပ်လို့ ရပါတယ်။ ပုံတွေကို သောင်းပြောင်းထပ်တာတို့  လဲပြုလုပ်နိုင်ပြီး ဆလိုက်ရှိုးပုံတွေလဲ ပြုလုပ်လို့ ရပါတယ်။
၎) Paint.Net
GIMP ကို မရွေးချယ်ချင်ရင် နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ Paint.Net ပဲဖြစ်ပါတယ်။ GIMP လို ချဲ့ ကား ပြုပြင်တည်းဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်တွေမပါရှိပေမယ့်လည်း အခြေခံပြုပြင်တည်းဖြတ်နိုင်တဲ့ လုပ်ဆောင်တွေနဲ့  ဓာတ်ပုံတွေကို ပြုပြင်ဖန်တီးနိုင်ပါတယ်။
၅) Seashore
GIMP ကိုအသုံးပြုရတာ ခက်ခဲရှုပ်ထွေးနေရင်တော့ Seashore ဆော့ဖ်ဝဲလ်ကို အသုံးပြုလိုက်ပါ။ Seashore မှာ ပုံတွေကို အခြေခံ ပြုပြင်တည်းဖြတ်နိုင်တဲ့လုပ်ဆောင်ချက်တွေပါဝင်လို့  အသုံးပြုသူတွေအတွက် လွယ်ကူစေပါတယ်။ Mac အသုံးပြုသူတွေအတွက်တော့ အကောင်းဆော့ဖ်ဝဲလ်လို့ ပြောလို့ ရပါတယ်။
http://www.mensxp.com/technology/internet/8697-top-5-free-photo-editing-softwares.html မှ ဘာသာပြန်တင်ဆက်ထားပါသည်။ “Art 235 – Textures” © 8th November 2010 Nancy Frost, used under a Creative Commons Attribution-ShareAlike license:http://creativecommons.org/licenses/by/2.0/deed.en