ကောင်မလေးတွေ ကြိတ်ကြွေတဲ့ Xiao Zhan ရဲ့ အချက်များ

Zhan Zhan ( ကျန့်ကျန့် ) လို့ ချစ်စနိုးခေါ်ကြတဲ့ တရုတ်မင်းသားလေး Xiao Zhan ဟာ အဆိုတော်အနေနဲ့ ခြေလှမ်းစတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ The Untamed series နဲ့ အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့ပါတယ်။

နှုတ်ခမ်းနီမလေးတွေ Xiao Zhan ကို ဘာလို့ အသဲစွဲတာလဲ။ သူ့ရဲ့ ဘယ်အပြုအမူကို ကြွေဆင်းသွားတာလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ အပြုံးချိုချို

စံချိန်တင်တဲ့ သူ့အပြုံးကြောင့် Weibo search list ထဲမှာ ထိပ်ဆုံးနေရာချိတ်ခဲ့ဖူးပါတယ်။ အဲဒီ Produce 101 ep-9 မှာ ပါဝင်တဲ့ သူ့အပြုံးနဲ့ ကောင်မလေးတွေရဲ့ အိပ်မက်ထဲမှာ နေရာစတင်ယူလာပါတော့တယ်။

၂။ မှဲ့နက်လေး

နောက်ထပ် အလှဆုံးကို ပြောပါဆိုရင် သူ့နှုတ်ခမ်းအောက်က မှဲ့နက်လေးကလည်း မပါမဖြစ်ပါနော်။ သူ့နှုတ်ခမ်းနဲ့ မှဲ့နက်လေးကလည်း ပနံရလွန်းနေတယ်လေ။

၃။ Rabbit Teeth

သူက ခဏခဏပြုံး၊ ပြုံးလိုက်တဲ့အခါ ယုန်သွားလေးကလည်း ပေါ်ပေါ်လာဆိုတော့ မြင်သူတိုင်းက သူ့ကို ကြွေဆင်းတာ ဘာဆန်းမှာလဲ။

၎။ ကြောင်ချစ်တယ်

သူ့ရဲ့ ကြောင်ချစ်တတ်တဲ့ စိတ်သဘောထား နူးညံ့မှုကလည်း မိန်းကလေးတွေ အသဲစွဲတဲ့ အချက်ပဲပေါ့။ ကြောင်တင်မက ခွေးလေးတွေလည်း သူ ချစ်တတ်ပါသေးတယ်တဲ့နော်။

ကဲ…ယူတို့ကော Xiao Zhan ရဲ့ ဘယ်အချက်ကို ကြွေသွားတာလဲ။ ပြောခဲ့ဦးနော်။

Ref; chinesecelefacts

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.