ကောင်မလေးတွေက ဘာကြောင့် ရစ်တတ်ကြတာလဲ

ချစ်သူကို အကြောင်းမရှိ အကြောင်းရှာ ရစ်တတ်တဲ့ ကောင်မလေး ပိုင်ဆိုင်ထားပြီလား။ ရစ်လုံးလေးတွေ ချစ်သူကို ရစ်တတ်ကြတဲ့ အကြောင်းရင်းက ဒီလိုပါတဲ့။

၁။ အချစ်ကြီးတယ်

အရမ်းရစ်တာ အရမ်းချစ်တတ်လို့ပါ။ သူတို့စိတ်ထဲမှာ ချစ်သူအပေါ် အချစ်လွန်ပြီး အစိုးရိမ်လွန်တာကြောင့် ရစ်ကြတာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ သင်သာ ချော့မယ်ဆိုရင် သင့်ရစ်လုံးလေးက စိတ်ကောက်ပြေသွားမှာပါ။

၂။ သဝန်တိုတယ်

ဒါကလည်း အချစ်ကြီးတာနဲ့ သက်ဆိုင်နေပါတယ်။ အချစ်ကြီးတာနဲ့ အမျှ သဝန်တိုမှုကလည်း ကြီးလာတဲ့ သဘော ဖြစ်ပါတယ်။ အရမ်းချစ်လေလေ အရမ်းသဝန်တိုလေ၊ သဝန်တိုလေ ရစ်လေ ဖြစ်သွားတာပါ။ ဒါကြောင့် သင့် ရစ်လုံးလေး သဝန်တိုတာကို စိတ်ညစ်မနေပါနဲ့။

၃။ ဂရုစိုက်ခံချင်တယ်

ချစ်တဲ့သူရဲ့ ဂရုစိုက်မှုရချင်တာ မိန်းကလေးတွေရဲ့ ဆန္ဒပါ။ ချစ်သူအပေါ် အချစ်ကြီးလာတာနဲ့ အမျှ ကိုယ့်ချစ်သူရဲ့ ယုယမှု၊ ကြင်နာမှုတွေပါ ရယူချင်လာပါတယ်။ ဒါကြောင့် သင့်ရစ်လုံးလေး ရစ်နေပြီဆိုရင်တော့ ဂရုစိုက်ပြလိုက်ပါ။

၎။ ဂုဏ်ယူချင်တယ်

သူငယ်ချင်းမိန်းကလေးတွေ ကြားထဲမှာ ချစ်သူက ကိုယ့်အပေါ် ဘယ်လောက်ချစ်ကြောင်း ကြွားချင်လို့ပါ။ တနည်းအားဖြင့် သင့် ရစ်လုံးလေးက ဂုဏ်ဆာတာပေါ့။ ရစ်ပြီဆိုရင်တော့ သင့်ချစ်သူဂုဏ်ယူဖို့ ချက်ချင်းကို ချော့ပြလိုက်နော်။

၅။ အမှတ်တရတွေ ဖန်တီးချင်တယ်

အမှတ်ရစရာလေးတွေ အမှတ်ရဖို့လည်း သူတို့က ဖန်တီးချင်ပါသေးတယ်။ အမှတ်တရတွေက ချစ်သူနှစ်ဦးကို သံယောဇဉ် ပိုမို ခိုင်မြဲစေတာကြောင့်လည်း သူတို့က ရစ်တတ်တာပါတဲ့။

ကဲ…သင့်မှာ ရစ်လုံးလေး ရှိနေပြီလား။ ဒါမှမဟုတ် သင်ကိုယ်တိုင်က ရစ်လုံးလေး ဖြစ်နေတာလား ဆိုတာ ပြောသွားခဲ့ဦးနော်။

Ref; girlinmind

 

 

96 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.