သင်ဟာ သင်ပြောဆိုနေတဲ့ ဘာသာစကားတိုင်း တစ်ခုချင်းစီရဲ့ ဘဝအသစ်တစ်ခုချင်းစီမှာ နေထိုင်ရပါတယ်။ ဒါကြောင့် သင် ဘာသာစကား ၁ ခုပဲတတ်ရင် ဘဝတစ်ခုပဲနေရတယ်။ ဘာသာစကားသင်ယူဖို့ ခက်ခဲနက်နဲတဲ့ နည်းလမ်းတွေ မလိုအပ်ပါဘူး။ ဘာသာဗေဒပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ဘာသာစကားတစ်ခုကို အလွယ်ကူဆုံးတတ်မြောက်နိုင်မယ့် အရိုးရှင်းဆုံးအချက် ၄ ချက်ကို ဖော်ပြပေးလိုက်တယ်နော်။
၁။ နေ့စဉ် လေ့လာပါ
တစ်ပတ်ကို ၂ ရက် တနေကုန်လေ့လာတာထက် တရက် အနည်းဆုံး နာရီဝက်လောက်လေ့လာတာက ပိုထိရောက်ပါတယ်။ ဒါကြောင့် နေ့စဉ် ဘာသာစကားအတွက် အချိန်ပေးတတ်ပါစေ။
၂။Self Study လုပ်ပါ
ကိုယ့်အားကိုယ်ကိုးပါ။ ဆရာကိုချည်း အားမကိုးဘဲနဲ့ ကိုယ်တိုင်လည်း နည်းလမ်းရှာဖွေလေ့လာပါ။
၃။ ပျော်စရာဖြစ်ပါစေ
စာအုပ်တွေချည်း ဖတ်မနေဘဲ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ Talk Show တွေ ကြည့်ရင်းပဲ ဖြစ်ဖြစ် လေ့လာနိုင်ပါတယ်။
၎။ အသံထွက်ဖတ်ပါ
စိတ်ထဲကနေ မှတ်တာထက် အသံထွက်ဖတ်တာက သင့်ဦးနှောက်ကို မှတ်မိနိုင်စွမ်း ပိုစေပါတယ်။
Ref;fluentu