တရုတ်ရိုးရာဗေဒင်အရ ၂၀၂၀ မှာ ကံအကောင်းဆုံးဖြစ်မယ့် ရာသီဖွားများ

ကဲ…နှစ်သစ်လည်း ရောက်ပြီဆိုတော့ စိတ်သစ်၊ လူသစ်နဲ့ ဖြတ်သန်းဖို့ အသင့်ဖြစ်နေကြပြီ ဟုတ်။ ဒါဆို ဒီနှစ်သစ်ရဲ့ ၁၂ ရာသီဖွားတွေကြားထဲမှာ ကံတရားက ဖေးမနေတဲ့ ရာသီခွင်လေးတွေကကော ဘာတွေများလဲ။ ဖတ်ကြည့်လိုက်ရအောင်နော်။

ကျားနှစ်ဖွား (၁၉၇၄၊ ၁၉၈၆၊ ၁၉၉၈၊၂၀၁၀၊ ၂၀၂၂၊ ၂၀၃၄ နှစ်ဖွားများ)

ကျားနှစ်ဖွားတွေအတွက်တော့ ကံကောင်းခြင်းတွေ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ်ပေါ့။ ကံကောင်းခြင်းတွေကြားထဲမှာမှ အထူးကောင်းမွန်မှာက ပညာရေး၊ ပြီးတော့ ငွေကြေး။ အစပိုင်းမှာ အတိုက်အခံနဲ့ ကြုံသလို ထင်ရပေမယ့် မပူပါနဲ့။ စိတ်အားထက်သန်မှုနဲ့ ပြိုင်ဆိုင်မှုကို နှစ်သက်တဲ့ ကျားနှစ်ဖွားတွေအတွက် အရာအားလုံး ပြေလည်သွားမှာ ဖြစ်ပါတယ်။

မြွေနှစ်ဖွား (၁၉၇၇၊ ၁၉၈၉၊ ၂၀၀၁၊ ၂၀၁၃၊၂၀၂၅၊ ၂၀၃၇ နှစ်ဖွားများ )

အောင်မြင်မှုတွေပိုင်ဆိုင်မယ့် နှစ်ဖြစ်ပါတယ်။ ဇွဲရှိရှိနဲ့ ကြိုးစားတဲ့ မြွေနှစ်ဖွားတွေရဲ့ စရိုက်ကြောင့် ပညာရေး၊ ငွေကြေး၊ အချစ်ရေး၊ လူမှုဆက်ဆံရေးအပြင် အလုပ်ကံကောင်းမယ့် နှစ်လည်း ဖြစ်ပါတယ်။

ကြွက်နှစ်ဖွား (၁၉၇၂၊ ၁၉၈၄၊၁၉၉၆၊ ၂၀၀၈၊ ၂၀၂၀၊ ၂၀၃၂ နှစ်ဖွားများ)

စုတ်ကော လာဘ်ကော ကောင်းနေချိန်ပေါ့။ လုပ်ငန်းခွင်မှာလည်း ထိပ်တန်းရောက်မှာဖြစ်သလို အချစ်ရေးမှာလည်း FA တွေတောင် RS ချိတ်မယ့် နှစ်တစ်နှစ်ပါနော်။

နဂါးနှစ်ဖွား (၁၉၇၆၊ ၁၉၈၈၊ ၂၀၀၀၊၂၀၁၂၊ ၂၀၂၄၊၂၀၃၆ နှစ်ဖွားများ )

သြဇာကြီးမားတဲ့ နဂါးနှစ်ဖွားတွေအနေနဲ့ ကျန်းမာရေးကိုတော့ ဂရုပြုပေးပါ။ အလုပ်အကိုင်၊ အချစ်ရေး၊ ငွေကြေးကံ ကောင်းပေမယ့် လူမှုဆက်ဆံရေးမှာ နဂါးနှစ်ဖွားတွေရဲ့ပင်ကိုယ် တကိုယ်ကောင်းဆန်စိတ်ကို အနည်းငယ်လျော့နိုင်ရင်ဖြင့် လူချစ်လူခင်များမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။

Ref; thechinesezodiacsign

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.