Youtube က ရတဲ့ဝင်ငွေတွေကို ကူညီထောက်ပံ့ဖို့အသုံးပြုခဲ့တဲ့ မင်းသမီး Shin Se Kyung

ဒီဇင်ဘာ ၃၀ ရက်နေ့၊ဒီကနေ့မှာ နာမည်ကျော်တောင်ကိုရီးယားမင်းသမီးတစ်လက်ဖြစ်တဲ့ Shin Se Kyung ဟာ သူမရဲ့ကိုယ်ပိုင် Youtube channel က ရတဲ့ဝင်ငွေတွေကို လှူဒါန်းထောက်ပံ့ဖို့အသုံးပြုခဲ့တယ်လို့သိရပါတယ်။

သူမ လှူဒါန်းကူညီခဲ့တဲ့ဝင်ငွေတွေကို မိသားစုအခက်အခဲကြုံတွေ့နေရတဲ့လူငယ်မိန်းကလေးတွေအတွက်အဓိကလိုအပ်တဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာသုံးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။Shin Se Kyung က “ကျွန်မရဲ့နေ့စဉ်ဘ၀ဖြတ်သန်းပုံကို Youtube မှာတင်တယ်။ပရိသတ်တွေနဲ့စကားတွေပြောတယ်။ပြီးတော့ ကျွန်မ အားလုံးအတွက် ဘာတွေမျှဝေပေးနိုင်လဲစဉ်းစားမိပါတယ်။ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျွန်မ အားလုံးဆီက အချစ်တွေကိုရရှိခဲ့ပါတယ်။ကျွန်မရခဲ့တဲ့အချစ်တွေအတွက် ကျွန်မတစ်ခုခုပြန်လုပ်ပေးချင်ပါတယ်။အခု ကျွန်မလှူဒါန်းခဲ့တဲ့ငွေတွေက လိုအပ်ချက်တွေရှိနေတဲ့မိန်းကလေးငယ်လေးတွေအတွက်အကူအညီဖြစ်စေမယ်လို့မျှော်လင့်ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

လတ်တလောမှာဆိုရင်တော့ Shin Se Kyung ဟာ “Rookie Historian Goo Hae Ryung”ဇာတ်လမ်းတွဲကိုရိုက်ကူးပြီးစီးထားခဲ့ပြီးဖြစ်သလို ဒီညကျင်းပမယ့် 2019 MBC Drama Awards ပွဲကိုတက်ရောက်ဖို့ရှိတယ်လို့လည်းသိရပါတယ်။

Source:Soompi

136 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.