EXO ဖျော်ဖြေပွဲလာအားပေးတဲ့ပရိသတ်တွေကို Surprise လုပ်ခဲ့တဲ့ D.O.

EXO အဖွဲ့ရဲ့ “EXO PLANET #5 – EXplOration [dot] –” ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၉ ရက်နေ့က ဆိုးလ်မြို့၊ KSPO Dome မှာ စတင်ကျင်းပခဲ့တယ်လို့သိရပြီး ထိုဖျော်ဖြေပွဲကို D.O. ကလည်း လာရောက်အားပေးခဲ့တယ်လို့သိရပါတယ်။

D.O. က စစ်မှုထမ်းဆောင်နေတာဖြစ်လို့ သူ့ကိုဒီဖျော်ဖြေပွဲမှာမြင်တွေ့လိုက်ရတာဟာ ပရိသတ်တွေအတွက် အံ့သြပျော်ရွှင်စရာတစ်ခုဖြစ်ခဲ့ပြီး အလွမ်းပြေစေခဲ့ပါတယ်။

D.O.က ပြီးခဲ့တဲ့ဇူလိုင်လကစတင်ပြီး စစ်မှုထမ်းဆောင်နေခဲ့တာပါ။ဒါပေမဲ့လည်းသူ့ရဲ့အဖွဲ့ဝင်ညီအစ်ကိုတွေကို အားပေးဖို့ မပျက်မကွက်ရောက်လာခဲ့ပါတယ်။ဓာတ်ပုံတွေရိုက်လိုက်၊ဗီဒီယိုတွေရိုက်လိုက်နဲ့ပျော်ရွှင်နေတဲ့သူ့ကို ပရိသတ်တွေကလည်းမြင်တွေ့ခဲ့သလို တွစ်တာတွေမှာလည်း သူ့ရဲ့ဗီဒီယိုတွေ အများကြီးတက်လာခဲ့ပါတယ်။

EXO အဖွဲ့ဟာ ဒီဇင်ဘာ ၂၉၊၃၀၊၃၁ ၃ရက်တိုင်တိုင် “EXO PLANET #5 – EXplOration [dot] –” ဖျော်ဖြေပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်။D.O. ကတော့ ၂၀၂၁ ၊ဇန်န၀ါရီလမှ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။D.O. ကိုလွမ်းနေတဲ့ပရိသတ်ကြီးလည်း အလွမ်းပြေအောင်
သူ့ရဲ့ပုံလေးတွေ၊ဗီဒီယိုလေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

518 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.