“Running Man” အဖွဲ့ဝင်တွေရဲ့အသက်ကို မေးကြည့်ပြီး အံ့သြတကြီးဖြစ်နေတဲ့ Ryan Reynolds နဲ့ Adria Arjona

ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ SBS ရဲ့ ရသစုံရှိုး “Running Man”အစီအစဉ်မှာ
အထူးဧည့်သည်အနေနဲ့ ဟောလိဝုဒ်ရဲ့နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ Ryan Reynolds ၊ Mélanie Laurent ၊ Adria Arjona တို့ပါဝင်ခဲ့ပါတယ်။

ထိုအစီအစဉ်မှာ Running Man အဖွဲ့ဝင်တွေထဲက အငယ်ဆုံးက ဘယ်သူဖြစ်မလဲ ရွေးချယ်ကြည့်ခိုင်းခဲ့တဲ့အခါ Adria Arjona က Jun So Min ကို ရွေးချယ်ခဲ့ပြီး ၂၇ နှစ်လောက်ဖြစ်မယ်လို့ခန့်မှန်းခဲ့ပါတယ်။ဒါပေမဲ့ တကယ်တော့ Jun So Min က အသက် ၃၄ နှစ်ရှိနေပါပြီ။
အဲ့ဒီမှာ Adria Arjona က “တကယ်ကြီးလား? ပြီးမှကျွန်မတို့ အဲ့ဒီအကြောင်းဆက်ပြောကြမယ်။ကျွန်မကို ရှင့်ရဲ့ လျှို့ဝှက်ချက် နည်းနည်းလောက်ပြောပြစမ်းပါဦး”လို့ပြောခဲ့ပါတယ်။

Ji Suk Jin ရဲ့အသက်မှန်းတဲ့အခါမှာလည်း Adria Arjona က အသက် ၃၆ နှစ်ဖြစ်မယ်လို့ မှန်းခဲ့ပြီး Ryan Reynolds ကတော့ အသက် ၄၂ နှစ်လောက်ဖြစ်မယ်လို့ခန့်မှန်းခဲ့ပါတယ်။ဒါပေမဲ့ Ji Suk Jin ရဲ့အသက်က ၅၄ နှစ်ရှိနေပါပြီ။Ji Suk Jin ရဲ့ အဖြေကြောင့် နှစ်ယောက်လုံးက အံ့သြတကြီးဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။

လတ်တလောမှာဆိုရင်တော့ Ryan Reynolds နဲ့ Adria Arjona တို့ရဲ့ 6 Underground ဇာတ်ကားသစ်ထွက်ရှိထားပါတယ်။

Source:Soompi

181 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.