Beyoncé ရဲ့ “Already”သီချင်းနဲ့ အမိုက်စားကပြသွားတဲ့ Bae Suzy

Bae Suzy ကတော့ တကယ့်ကိုဘက်စုံထူးချွန်တဲ့သရုပ်ဆောင်အဆိုတော်မလေးလို့ဆိုရမှာပါပဲ။

ဒီဇင်ဘာ ၂၃ ရက်နေ့က Suzy ဟာ သူမရဲ့အင်စတာဂရမ်အကောင့်မှာ Beyoncé ၊ Shatta Wale နဲ့ Major Lazer တို့ရဲ့ “Already”သီချင်းနဲ့ကထားတဲ့ဗီဒီယိုလေးကိုတင်ထားခဲ့ပါတယ်။သူမနဲ့အတူ 1 MILLION Dance Studio choreographer Hyojin Choi တို့ကထားတဲ့ဗီဒီယို
အတိုလေးတွေကို ပြန်တင်ပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေဟာ သူမရဲ့ အဆိုအကကျွမ်းကျင်မှုကိုပိုပြီးချီးကျူးကြ၊ပိုပြီးချစ်လာကြတယ်လို့သိရပါတယ်။

Hyojin Choi ကလည်း သူတို့အတူကထားတဲ့ဗီဒီယိုလေးကို ပြန်တင်ထားခဲ့ပြီး “ကျွန်မတို့ ပထမဆုံးအကြိမ်တွေ့ဖူးတာဆိုပေမဲ့လည်း အခုလိုမျိုး အတွဲညီညီကခုန်နိုင်ခဲ့တာ အံ့သြမိတယ်”လို့ရေးသားခဲ့ပါသေးတယ်။

Suzy ဟာ သရုပ်ဆောင်ပိုင်းမှာလည်းပြောစရာမလိုလောက်အောင် ကောင်းမွန်သူဖြစ်ကာ ဂီတပိုင်းမှာလည်း နေရာတစ်နေရာရထားသူဖြစ်ပါတယ်။မကြာသေးခင်က သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Vagabond”ဇာတ်လမ်းတွဲဟာဆိုရင် တကယ့်ကိုအောင်မြင်ခဲ့ပြီး ပရိသတ်တွေက နောက်ထပ်အဆက်ထွက်ရှိလာဖို့ကိုမျှော်လင့်ထားကြတဲ့အထိပါပဲ။

အခုတစ်ခါ သူမရဲ့ အကစွမ်းရည်ကိုလည်း ပြသလိုက်ပြန်ပါပြီ။Suzy လေး Hyojin Choi နဲ့ အတူဘယ်လိုတွေအမိုက်စားကပြသွားလဲ ကြည့်လိုက်ဦးနော်

Source:Soompi

116 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.