ရင်သွေးဦးလေးလွယ်ထားရပြီဖြစ်တဲ့ မင်းသမီး Choi Ji Woo

အချစ်လှေကားထစ်လေးများဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားသူ မင်းသမီးချောလေး Choi Ji Woo ဟာ မကြာခင်မှာ မိခင်တစ်ယောက်ဖြစ်လာပါတော့မယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့၊ဒီကနေ့မှာပဲ Choi Ji Woo ရဲ့အေဂျင်စီ YG Entertainment က “မင်္ဂလာပါ။YG Entertainment ကပါ။ကျွန်တော်တို့ပျော်ရွှင်စရာသတင်းလေးမျှဝေစရာရှိပါတယ်။မင်းသမီး Choi Ji Woo ဟာ အခုကိုယ်ဝန်လွယ်ထားရပါပြီ။နောက်နှစ်မေလထဲမှာဆိုရင်တော့ မိခင်တစ်ယောက်အဖြစ်မြင်တွေ့ရတော့မှာပါ။ဘုရားပေးတဲ့ဆုလက်ဆောင်ကြောင့်သူမ အရမ်းကြည်နူးပျော်ရွှင်နေပါတယ်။ကျန်းမာရေးလည်းကောင်းမွန်ပါတယ်။ရှေ့ဆက်ပြီး မိခင်တစ်ယောက်၊ဇနီးကောင်းတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်သလို မင်းသမီးတစ်ယောက်အနေနဲ့လည်း သူမ အကောင်းဆုံးလုပ်ဆောင်သွားဦးမှာပါ။ကျွန်တော်တို့အပေါ် မပြောင်းလဲတဲ့ချစ်ခြင်းတရားနဲ့စိတ်ဝင်တစားရှိမှုကြောင့်ကျေးဇူးတင်ပါတယ်”ဆိုပြီး အတည်ပြုပြောကြားခဲ့ပါတယ်။

မင်းသမီး Choi Ji Woo ဟာ ၂၀၁၈ မတ်လတုန်းက သူမရဲ့ချစ်သူနဲ့ အကျဉ်းရုံးလက်ထပ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ ပထမဆုံးရင်သွေးဦးလေးကိုလွယ်ထားရပါပြီ။ပျော်ရွှင်နေကြတဲ့ဇနီးမောင်နှံနှစ်ယောက်အတွက် ဂုဏ်ပြုပေးခဲ့ဦးနော်

Source:Soompi

302 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.