Offical Trailer ထွက်ရှိလာပြီဖြစ်တဲ့ “To All the Boys: P.S. I Still Love You”

‘To All the Boys I’ve Loved Before’ ဇာတ်ကားလေးဟာ ၂၀၁၈ တုန်းကထွက်ရှိခဲ့ပြီး
လူငယ်ပရိသတ်တွေကြားထဲမှာ အထူးရေပန်းစားကျော်ကြားခဲ့တဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။အခုတော့ စီးရီးအဖြစ် ဒုတိယပိုင်းဆက်ပြီးထွက်ရှိလာခဲ့ပါပြီ။

အခု ၂၀၂၀ ဖေဖော်ဝါရီလထဲမှာထွက်ရှိလာမယ့် To All the Boys: P.S. I Still Love You ဇာတ်ကားမှာတော့ Lana Condor ၊Noah Centineo ၊ Janel Parrish ၊ Anna Cathcart ၊ Trezzo Mahoro ၊ Madeleine Arthur ၊ Emilija Baranac ၊Kelcey Mawema ၊ Jordan Fisher ၊ Ross Butler ၊ Holland Taylor ၊ Sarayu Blue နဲ့ John Corbett တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားဟာဆိုရင် စာရေးဆရာမ Jenny Han ရဲ့ ၂၀၁၅ တုန်းက ၀တ္ထုစာအုပ် P.S. I Still Love You ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းပုံစံလေးက ကိုယ်ကြိတ်သဘောကျနေရတဲ့ကောင်လေးတွေအတွက် ရေးထားတဲ့စာတွေကို ညီမဖြစ်သူက တွေ့သွားပြီး
အဲ့ဒီကောင်လေးတွေဆီပို့ခဲ့ရာကနေ ဖြစ်ပေါ်လာတဲ့စိတ်ဝင်စားဖွယ်ရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။

ဘယ်သူနဲ့ဖူးစာပါပြီး တကယ်လက်တွဲသွားနိုင်မလဲ၊ဒါမှမဟုတ် To All the Boys I’ve Loved Before 3 ထွက်ရှိလာဦးမလားဆိုတာတွေကိုတော့ ပရိသတ်တွေက ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုရင်ကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ်။

အခု အကြိုခံစားနိုင်အောင် Trailer လေး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

57 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.