စာလေ့လာနေတုန်း ချောကလက်စားတာဟာ သင့်အတွက် ဒီလိုကောင်းကျိုးတွေဖြစ်စေ…

ချောကလက်ကြိုက်တဲ့သူတွေကတော့တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။စာလေ့လာရင်း ကိုယ်ကြိုက်တာလေးလည်းစားလို့ရသလို ချောကလက်စားတဲ့အခါမှာလည်း ဒီလိုကောင်းကျိုးတွေရလာဦးမှာပါ။ကဲ ဘယ်လိုကောင်းကျိုးတွေလဲ မြန်မြန်ဖတ်ကြည့်လိုက်ဥိးနော်

*စိတ်ပျော်ရွှင်စေ
ချောကလက်စားရင် လူက အလိုလိုကိုစိတ်ပျော်ရွှင်နေတတ်ပါတယ်။စိတ်ညစ်စိတ်ရှုပ်နေရင်တောင် ချောကလက်စားတဲ့အခါ စိတ်အပြောင်းအလဲဖြစ်ပြီးပျော်ရွှင်မှုဟော်မုန်းများလာတယ်လို့သိရပါတယ်။

*ဦးနှောက်သွေးစီးဆင်းမှုကောင်းမွန်စေ
လေ့လာချက်တွေအရ ချောကလက်ပူပူလေးနှစ်ခွက်လောက်သောက်လိုက်တာဟာ ဦးနှောက်သွေးစီးဆင်းမှုကို ၂နာရီ၊၃နာရီကြာ တိုးတက်မြန်ဆန်ကောင်းမွန်စေတယ်လို့သိရပါတယ်။တုံ့ပြန်မှုမြန်ဆန်လာပြီး ပြဿနာဖြေရှင်းနိုင်စွမ်းကလည်း မြန်ဆန်ကောင်းမွန်လာစေပါတယ်။

*အာရုံစူးစိုက်မှုကောင်းမွန်စေ
ချောကလက်စားလိုက်တဲ့အခါ ချောကလက်မှာပါဝင်တဲ့ကဖင်းဓာတ်အနည်းငယ်ကြောင့် လူက ပိုပြီးအာရုံစူးစိုက်နိုင်လာတယ်။မှတ်မိလွယ်လာတယ်။သင်ယူလေ့လာမှုပိုမိုမြန်ဆန်လာတယ်လို့လေ့လာတွေ့ရှိရပါတယ်။ဒါကြောင့် စာသင်ယူလေ့လာနေတဲ့အချိန် ချောကလက်စားပေးတာက အကျိုးသက်ရောက်မှုကောင်းမွန်စေပါတယ်။

*စိတ်ဖိစီးမှုလျော့နည်းစေ
စာကျက်ရ၊စာမှတ်ရပြီဆိုရင် စိတ်ဖိစီးမှုက အလိုလိုကိုများပြားလာပါတယ်။ဒါပေမဲ့ ချောကလက်လေးစားပေးမယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေလျော့နည်းပြီး စာလည်းကျက်ရကောင်းလာပါလိမ့်မယ်။အများကြီးတော့မစားသင့်ပါဘူး။

*ပိုပြီးဥာဏ်ကောင်းလာစေ
စာလေ့လာရင်းချောကလက်အနည်းငယ်စားပေးတာဟာ ရေရှည်အတွက်လည်းကောင်းမွန်စေပါတယ်။ချောကလက်ပူပူလေးတစ်ခွက်လောက်သောက်တာ၊ချောကလက်နှစ်တောင့်လောက် ပုံမှန်စားပေးတာဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုကိုပိုပြီးတိုးတက်ကောင်းမွန်စေတာဖြစ်လို့ တဖြည်းဖြည်းနဲ့ဖြေရှင်းနိုင်စွမ်းတွေပိုကောင်းလာမယ်။လေ့လာသင်ယူမှုအားပိုကာင်းလာစေပါလိမ့်မယ်။

 

109 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.