Teaser Trailer ထွက်ရှိလာပြီဖြစ်တဲ့ “A Quiet Place 2”

“A Quiet Place “တုန်းက ကြည့်ရတာ အားမရဘူးဆိုတဲ့သူတွေ၊သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေစောင့်မျှော်နေတဲ့ “A Quiet Place 2” Teaser လေးထွက်ရှိလာခဲ့ပါပြီ။

မမြင်ရပေမဲ့ နားအရမ်းပါးတဲ့ထူးခြားကြောက်မက်ဖွယ်သတ္တ၀ါကြီးတွေလက်ထဲက ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားကြတဲ့မိသားစုတစ်စုအကြောင်းကို စိတ်လှုပ်ရှားရင်ခုန်စရာကောင်းအောင် ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

“A Quiet Place 2” မှာဆိုရင် Cillian Murphy ၊ Emily Blunt ၊ Millicent Simmonds ၊ Noah Jupe ၊ Djimon Hounsou တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Part II မှာတော့
သူတို့မိသားစုနဲ့ ထူးဆန်းတဲ့လူစိမ်းတစ်ယောက်ပူးပေါင်းပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတာကို မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။

၂၀၂၀ ၊ မတ်လ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ပရိသတ်ကြီးအတွက် “A Quiet Place 2 “Teaser လေး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

47 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.