အင်စတာဂရမ်ပိုစ့်တစ်ခုကြောင့် ပရိသတ်ရှာဖွေမှုအများဆုံးဖြစ်နေတဲ့ မင်းသား Ji Chang Wook

ဒီဇင်ဘာ ၁၉ရက်နေ့တုန်းက မင်းသား Ji Chang Wook ဟာ သူ့ရဲ့အင်စတာဂရမ်မှာ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ဆေးလိပ်သောက်နေတဲ့ပုံနဲ့အတူ “အရမ်းအေးနေတယ်။အိပ်လို့ မပျော်ဘူး။ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်”ဆိုတဲ့စာသားလေးရေးတင်ခဲ့တာပါ။အဲ့ဒီပိုစ့်တင်ပြီး သိပ်မကြာခင်မှာပဲ အင်စတာဂရမ်သုံးစွဲတဲ့သူတွေ၊SNS သုံးစွဲသူတွေကြား Ji Chang Wook ဟာ ပရိသတ်ရှာဖွေမှုအများဆုံးအနုပညာရှင်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။

ဆေးလိပ်သောက်နေတဲ့ပုံကိုတင်ခဲ့တာကြောင့် နိုင်ငံသားတစ်ချို့က “ဒီရက်ပိုင်းမှာ လူငယ်တွေက ဆေးလိပ်တွေ၊အရက်တွေကို စည်းမဲ့ကမ်းမဲ့သောက်လာကြတယ်။အခု နိုင်ငံသိအနုပညာရှင်တစ်ယောက်ကလည်း သောက်ပြတဲ့အခါ ဘယ်လောက်တောင်ပိုပြီးများပြားလာမလဲ စဉ်းစားမိရဲ့လား”ဆိုတာမျိုး ၊ “ဒီလိုတင်လိုက်တာက မှားတယ်တော့မဟုတ်ပါဘူး။ဒါပေမဲ့ ဘာလို့တင်ရတာလဲ၊ဒါက မင်းရဲ့အနုပညာပုံရိပ်ကို ကောင်းမွန်တဲ့သက်ရောက်မှုမျိုးဖြစ်စေမှာမဟုတ်ဘူး”ဆိုတာမျိုး ၀င်ရောက်ရေးသားခဲ့ကြတယ်လို့သိရပါတယ်။

တစ်ချို့ပရိသတ်တွေကတော့ “သူ ဆေးလိပ်သောက်တာဖြစ်စေ မသေကာက်တာဖြစ်စေ ဘယ်သူဂရုစိုက်မှာလဲ သူက အသက် ၃၀ ၀န်းကျင်အရွယ်လူတစ်ယောက်၊အနုပညာရှင်တွေလည်း လူသားတွေပါပဲ။သူတို့လည်း စားတယ်။သောက်တယ်။တစ်ခါတစ်လေဆေးလိပ်သောက်ကြမယ်။ဒါက ပြဿနာအကြီးကြီးမဟုတ်ပါဘူး”လို့ ရေးသားခဲ့ကြပါတယ်။

လတ်တလောကာလမှာဆိုရင်တော့ မင်းသား Ji Chang Wook ဟာ “Melting Me Softly”ဇာတ်လမ်းတွဲကို ရိုက်ကူးပြီးစီးထားခဲ့ပြီဖြစ်ပါတယ်။

Source:Allkpop

943 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.