ဒီဇင်ဘာလဖွားတွေမှာရှိတတ်တဲ့ အကျင့်စရိုက်အမူအကျင့်လေးတွေ…

စာဖတ်ပရိသတ်တွေထဲမှာရော ဒီဇင်ဘာလဖွားလေးတွေရှိကြလား?တကယ်ပဲ ကိုယ့်ရဲ့အကျင့်စရိုက်၊အမူအကျင့်၊ထူးခြားမှုလေးတွေနဲ့တူရဲ့လားဆိုတာ ကြည့်ကြည့်လိုက်ဦးနော်

ဒီဇင်ဘာလမှာ မွေးဖွားတဲ့သူတွေဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေဖြစ်တဲ့အပြင် ပြုံးပြဖို့လည်းဝန်မလေးတတ်သူဖြစ်လို့ လူချစ်လူခင်များတယ်။လူမှတ်မိလွယ်စေပါတယ်။သူတို့ရဲ့နှလုံးသားဟာလည်း နူးညံ့ကြင်နာတတ်လို့ သူတို့ရဲ့အကျင့်စရိုက်၊အမူအရာတွေဟာဆွဲဆောင်မှုတစ်ခုလိုလည်းဖြစ်နေပါသေးတယ်။

စိတ်ကူးယဉ်တတ်သူတွေမဟုတ်ပဲ လက်တွေ့ဆန်တယ်။သူတို့ရဲ့လက်ခံနားလည်နိုင်စွမ်းနဲ့ရင့်ကျက်မှုကို တစ်ခြားသူတွေကတောင် အထင်ကြီးလေးစားရတယ်။တစ်ခြားသူတွေနဲ့စကားပြောဆိုဆွေးနွေးရတာကြိုက်ပြီး သူတို့သိထားသမျှကိုလည်း မျှဝေရတာ သဘောကျတယ်။အထူးသဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးရတာပိုကြိုက်တယ်လို့ဆိုထားပါတယ်။

အချစ်ရေးနဲ့ပတ်သက်လာရင်လည်း ကိုယ့်ချစ်သူတစ်ယောက်တည်းသာမိန်းကလေး၊ကိုယ့်ချစ်သူတစ်ယောက်တည်းသာ ယောက်ျားလေးလို့ တွေးမှတ်ထားသူတွေဖြစ်တယ်။စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်သူတွေဖြစ်တယ်။သူတို့ရဲ့ခံစားခက်ကို အလွယ်တကူနဲ့ထုတ်မပြတတ်ဘူး။အသက်အရွယ်ဘယ်လောက်ပဲဖြစ်ဖြစ်သူတို့ရဲ့နှလုံးသားစေခိုင်းရာကိုသာ လုပ်လေ့ရှိတယ်။လွတ်လပ်မှုကိုခုံမင်တယ်။ကိုယ်တိုင်လည်းတစ်ယောက်တည်းအချိန်ကုန်ဆုံးရတာကြိုက်တယ်။အားကစားဘက်မှာ စိတ်ဝင်စားမှုများပြီး တိရစ္ဆာန်လေးတွေကိုလည်းချစ်မြတ်နိုးတဲ့သူဖြစ်တယ်။

အဆုံးသတ်ဆိုရရင် ဒီဇင်ဘာလဖွားတွေမှာ ကောင်းမွန်တဲ့အကျင့်စရိုက်တွေ၊အမူအကျင့်တွေအများကြီးရှိပါတယ်။ဒါကြောင့်ပဲ လူအများစုဟာ သူတို့နဲ့ရင်းနှီးခင်မင်လိုကြတာပါ။

အခုပြောပြတဲ့အချက်လေးတွေက ဒီဇင်ဘာ Born လေးတွေနဲ့ ထပ်တူကျမယ်ထင်ပါတယ်နော်။

 

129 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.