အချစ်ဆုံးသူငယ်ချင်းတွေရှိတာဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ဒီလိုကောင်းကျိုးတွေဖြစ်စေ

မိဘ၊ဆွေမျိုးတွေပြီးရင် သူငယ်ချင်းတွေက ဘ၀ရဲ့အားပေးဖော်၊နှစ်သိမ့်ဖော်၊မခွဲအတူရှိနေပေးတဲ့ရဲဘော်တွေပါပဲ။အချစ်ဆုံးသူငယ်ချင်းတွေရှိနေတာဟာကိုယ့်ဘ၀အတွက် တစ်တပ်တစ်အားဖြစ်ရသလို ခိုင်မာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့အချစ်ဟာ နာကျင်မှုကို အကုသပေးနိုင်ဆုံးလို့တောင်ဆိုကြပါတယ်။လေ့လာချက်တွေအရ အချစ်ဆုံးသူငယ်ချင်းတွေရှိတာဟာ ဒီလိုစိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေဖြစ်စေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

*ပျော်ရွှင်မှုတိုးပွား
လေ့လာချက်တွေအရ သူငယ်ချင်းတွေနဲ့အတူရှိနေတဲ့အချိန်မှာ အရမ်းပျော်ရွှင်ရသလို ကိုယ့်အပေါ်ချစ်ခင်တဲ့သူငယ်ချင်းတွေရှိတယ်ဆိုတဲ့အသိစိတ်ကြောင့်လည်း ပျော်ရွှင်မှုကို အပြည့်အ၀ခံစားရတယ်လို့သိရပါတယ်။ကိုယ့်ဘေးနားမှာ တစ်စုံတစ်ယောက်အမြဲရှိနေတယ်ဆိုတဲ့အသိက စိတ်ချမ်းမြေ့စရာပဲမဟုတ်လား။

*Depression ၀င်တာမျိုးနည်းပါး
သူငယ်ချင်းတွေနဲ့လျှောက်သွားလျှောက်လာပျော်ရွှင်နေရတဲ့အခါ Depression တောင် ဘယ်က၀င်ရမှန်းမသိဖြစ်သွားတာချည်းပါပဲ။တစ်ယောက်တည်းနေမယ့်အစား သူငယ်ချင်းတွေနဲ့အတူရယ်မောပါ။ခရီးတွေထွက်ပါ။စိတ်ညစစရာတွေရှိလည်းမျှဝေပြီး ပျော်ရွှင်စရာတွေကို
အတူခံစားပါ။ဒါဆိုရင် အထီးကျန်တဲ့စိတ်မ၀င်လာပဲ တစ်ယောက်တည်းရှိနေချိန်မှာတောင် သူတို့အကြောင်းတွေးမိပြီးပျော်ရွှင်ရပါလိမ့်မယ်။

*သွေးဖိအားလျော့နည်းစေ
လေ့လာတွေ့ရှိချက်တွေအရ ဆိုရှယ်မီဒီယာနဲ့ကင်းကွာပြီး တစ်ခြားသူတွေနဲ့အဆက်အဆံသိပ်မရှိတဲ့သူဟာ သွေးဖိအားမြင့်တက်မှုပိုများတယ်လို့သိရပါတယ်။အထီးကျန်တဲ့စိတ်ဟာ သွေးဖိအားမြင့်တက်တာ၊သွေးဖိအားလျော့နည်းတာနဲ့ သက်ဆိုင်နေပါတယ်။ဒါကြောင့် သူငယ်ချင်းတွေနဲ့ အမြဲပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့သူဟာ သွေးဖိအားလည်းပုံမှန်ဖြစ်တယ်။သွေးဖိအားလည်းလျော့နည်းပါတယ်။

*ကျန်းမာရေးအတွက်ကောင်းမွန်စေ
ပညာရှင်တွေရဲ့လေ့လာချက်အရ သူငယ်ချင်းမရှိပဲ တစ်ယောက်တည်းအထီးကျန်နေရတဲ့သူတွေထက် သူငယ်ချင်းအပေါင်းအသင်းတွေ၊မိတ်ဆွေတွေနဲ့ ပျော်ရွှင်နေကြတဲ့သူတွေဟာ ၅၀ ရာခိုင်နှုန်းပိုပြီးအသက်ရှည်ကြတယ်လို့သိရပါတယ်။နှလုံးရောဂါနဲ့မှတ်ဥာဏ်လျော့နည်း
မှုဝေဒနာဖြစ်ပွားမှုလည်း လျော့နည်းတယ်လို့ လေ့လာတွေ့ရှိထားရပါတယ်။ခင်မင်ရတဲ့သူငယ်ချင်းတွေရှိတာဟာ ကျန်းမာရေးနဲ့ပတ်သက်လို့ အလုံးစုံကောင်းမွန်စေပါတယ်။

*ယုံကြည်မှုပိုရှိလာစေ
ကိုယ့်ကို အမြဲအားပေးနှစ်သိမ့်တဲ့၊အကြံဥာဏ်ကောင်းတွေပေးတဲ့သူငယ်ချင်းတွေရှိတဲ့အခါ ကိုယ့်ကိုယ့်ကိုယ်ပိုပြီးယုံကြည်မှုရှိလာတယ်။တန်ဖိုးထားစိတ်ပိုမြင့်လာတယ်။ကိုယ့်ကိုယ့်ကိုယ်လည်းပိုချစ်လာပါတယ်။

အချစ်ဆုံးသူငယ်ချင်းတွေကို မန်းရှင်းခေါ်လိုက်ပါဦး <3

189 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.