Dazed Korea မဂ္ဂဇင်းအတွက်ရိုက်ကူးပေးထားတဲ့ Lee Min Ho ရဲ့ အမိုက်စားပုံရိပ်များ

ပြီးခဲ့တဲ့ရက်ပိုင်းက မင်းသား Lee Min Ho ဟာ Dazed Korea မဂ္ဂဇင်းအတွက် အင်တာဗျူးဖြေရင်း အမိုက်စားပုံရိပ်တွေအများကြီးရိုက်ကူးထားခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာ ၁၉ရက်နေ့၊ဒီနေ့မှာတော့ Dazed Korea ကနေ Lee Min Ho ရဲ့ အင်တာဗျူးအနည်းငယ်နဲ့ပုံတစ်ချို့ကို ချပြခဲ့ပါတယ်။

၂၀၁၉ အတွင်း ပြောင်းလဲသွားခဲ့တာတွေ၊စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးမေးမြန်းကြည့်တဲ့အခါမှာ Lee Min Ho က ” အများကြီးပြောင်းလဲသွားခဲ့တာမျိုးတော့မရှိပါဘူး။ဒါပေမဲ့ ကျွန်တော့်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ပိုပြီးအာရုံစိုက်ရမယ်လို့တော့စဉ်းစားမိပါတယ်။အမှန်အတိုင်းပြောရရင် ကျွန်တော်အသက် ၂၀ ၀န်းကျင်တုန်းက ကျန်းမာရေးနဲ့ပတ်သက်ပြီး သိပ်ဂရုမစိုက်ခဲ့ဘူး။ဒါပေမဲ့ အခုတော့ ကျွန်တော့်ကိုယ်ကျွန်တော် သေချာဂရုစိုက်မှဖြစ်ပါတော့မယ်”လို့ပြောခဲ့ပါတယ်။

ဒါအ့ပြင် “ကျွန်တော်စစ်မှုထမ်းနေတုန်းက ကျွန်တော့်ကို နေ့တိုင်းလာတွေ့တဲ့ပရိသတ်တွေအများကြီးရှိပါတယ်။အဲ့ဒီအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။အခု ကျွန်တော့်အပေါ် ထားတဲ့မျှော်လင့်ချက်တွေအတွက် ကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်”လို့ပြောခဲ့ပါသေးတယ်။

ပရိသတ်ကြီးအတွက် Lee Min Ho ရဲ့ အမိုက်စားပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Soompi

278 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.