အရက်မူးပြီးရည်းစားဟောင်းဆီဖုန်းခေါ်ခဲ့ဖူးတယ်လို့ပြောပြလာတဲ့ Gong Yoo

အခုလက်ရှိမှာဆိုရင် မင်းသား Gong Yoo ဟာ Lee Dong Wook နဲ့အတူ Talk Show အစီအစဉ်မှာပါဝင်ရိုက်ကူးလျက်ရှိပါတယ်။SBS ကရိုက်ကူးထုတ်လွှင့်တဲ့ Because I Just Want To Talk အစီအစဉ်မှာ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ရယ်မောစရာအဖြစ်အပျက်လေးတွေ၊အမှတ်တရလေးတွေပြန်ပြောရင်း ပရိသတ်တွေကို ပျော်ရွှင်မှုတွေမျှဝေနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပိုင်းမှာတော့ နှစ်ယောက်သားက သူတို့ရည်းစားနဲ့လမ်းခွဲခဲ့တုန်းကအကြောင်းကို ဖွင့်ဟပြောပြခဲ့ကြပါတယ်။

Gong Yoo က ” ကျွန်တော်မူးပြီး ရည်းစားဟောင်းဆီဖုန်းဆက်ခဲ့ဖူးတယ်။ဒါပေမဲ့ သူမ ဖုန်းကိုင်ခဲ့တယ်လို့ ကျွန်တော်မထင်ဘူး။နောက်တစ်နေ့မိုးလင်းတော့လည်း ကျွန်တော်ညက အရမ်းမူးသွားလို့ပါဆိုပြီး စာပို့လိုက်သေးတယ်။သူမ ဘာမှပြန်မဖြေတာကိုပဲ ကျွန်တော်ကျေးဇူးတင်မိပါတယ်”လို့ပြောပြလာခဲ့ပါတယ်။ပြီးတော့ များသောအားဖြင့် လမ်းခွဲပြီးတဲ့နောက် ယောက်ျားလေးတွေကသာ မိန်းကလေးတွေဆီကိုစပြီးဆက်သွယ်တာများပါတယ်လို့လည်းပြောခဲ့ပါသေးတယ်။

Lee Dong Wook ကလည်း သူ့ရဲ့ချစ်သူနဲ့လမ်းခွဲတုန်းကအကြောင်းကို ” ကျွန်တော်တို့တွေ နာကျင်စွာနဲ့လမ်းခွဲခဲ့ကြတာပါ။ကျွန်တော် သူမ အဆင်ပြေနေတာပဲမြင်ချင်ပါတယ်။လမ်းခွဲပြီးနောက် ခဏတော့ စကားပြောဖြစ်ကြသေးတယ်။ဒါပေမဲ့ အခုတော့မပြောဖြစ်တော့ပါဘူး”လို့ပြောပြခဲ့ပါတယ်။

Source:Koreaboo

145 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.