နာမည်ကျော်အနုပညာရှင်များစွာပါဝင်မယ့် “Sweet Home”ဇာတ်လမ်းတွဲ

နာမည်ကျော် Thriller Webtoon တစ်ခုကိုအခြေခံပြီးရိုက်ကူးသွားမယ့် “Sweet Home”ဇာတ်လမ်းတွဲမှာပါဝင်မယ့်သရုပ်ဆောင်တွေကို အတည်ပြုလိုက်ပါပြီ။ဘယ်သူတွေပါဝင်သရုပ်ဆောင်မှာလဲဆိုရင် Song Kang ၊ Lee Jin Wook ၊ Lee Si Young ၊ Kim Nam Hee ၊
Go Min Si ၊ Park Gyu Young ၊ Go Yoon Jung ၊ Kim Kap Soo ၊ Kim Sang Ho တို့ပဲဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက လူသူကင်းမဲ့တဲ့နေရာတစ်ခုကိုရောက်နေတုန်း ကြောက်မက်ဖွယ်ရာမကောင်းဆိုးဝါးသတ္တ၀ါကြီးတွေဖြစ်သွားကြတဲ့လူတွေရဲ့အကြောင်းရိုက်ကူးသွားမယ့်ပုံစံဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ Song Kang က ကြောက်လန့်စရာအဖြစ်အပျက်တွေကြုံခဲ့ရပြီးမိသားစုကို
ဆုံးရှုံးခဲ့ရတဲ့ အထက်တန်းကျောင်းသားတစ်ယောက်အဖြစ်သရုပ်ဆောင်သွားမှာဖြစ်ပြီး Lee Si Young က Webtoon ထဲမှာမပါဝင်တဲ့ဇာတ်ကောင်သစ်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။Lee Do Hyun ကတော့ Lee Eun Hyuk ဆိုတဲ့ဇာတ်ကောင်နေရာကနေ ပါဝင်လာမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို “Mr. Sunshine” ၊ “Descendants of the Sun” ၊ “Goblin”စတဲ့နာမည်ကျော်ဇာတ်လမ်းတွဲတွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Eung Bok ရိုက်ကူးသွားမှာဖြစ်ပါတယ်။”Sweet Home”ကို ၂၀၂၀ ထဲမှာထုတ်လွှင့်ပြသဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

Source:Soompi

134 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.