၇ နှစ်ကြာလက်တွဲခဲ့တဲ့အေဂျင်စီနဲ့လက်တွဲဖြုတ်တော့မယ့် မင်းသား Song Joong Ki

ဒီဇင်ဘာ ၁၇ရက်နေ့၊ဒီနေ့မှာပဲ Song Joong Ki ရဲ့အေဂျင်စီ Blossom Entertainment က “Song Joong Ki နဲ့ ကျွန်တော်တို့ရဲ့စာချုပ်က ဒီ ဒီဇင်ဘာလဆို ပြီးပါပြီ။ကျွန်တော်တို့ နောက်ထပ်စာချုပ်ထပ်ချုပ်တော့မှာမဟုတ်ပါဘူး”လို့အတည်ပြုကြေညာခဲ့ပါတယ်။

မင်းသား Song Joong Ki ဟာ ၂၀၁၃ ဖေဖော်ဝါရီလက စတင်ပြီး Blossom Entertainment နဲ့ စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာလကုန်ရင်တော့စာချုပ်သက်တမ်းပြီးဆုံးသွားခဲ့ပါပြီ။KakaoM အေဂျင်စီနဲ့ စာချုပ်ချုပ်တော့မယ်လို့သတင်းထွက်နေပေမဲ့ kakaoM က ကောလဟာလသာဖြစ်ကြောင်းငြင်းဆိုခဲ့ပါတယ်။

မင်းသား Song Joong Ki ဟာ Descendants of the Sun ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အထူးအားပေးမှုကိုရရှိခဲ့တာဖြစ်ပြီး ၂၀၁၉ ထဲမှာလည်း Arthdal Chronicles ဇာတ်လမ်းတွဲနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကိုထပ်ပြီးကိုင်လှုပ်နိုင်ခဲ့သူဖြစ်ပါတယ်။လက်ရှိမှာတော့အနုပညာလှုပ်ရှားမှုမရှိသေးပါဘူး။

အခု၇ နှစ်တာလက်တွဲခဲ့တဲ့အေဂျင်စီနဲ့လက်တွဲဖြုတ်တော့မယ်ဆိုတော့ ဘယ်အေဂျင်စီအသစ်နဲ့စာချုပ်ချုပ်ပြီး ဇာတ်လမ်းတွဲကောင်းလေးတွေရိုက်ကူးမလဲဆိုတာ အတူတူစောင့်ကြည့်အားပေးလိုက်ရအောင်…။

Source:Soompi

327 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.