ရုတ်တရက်ကြီးသူ့ဘက်က အေးစက်သွားတာဟာ ဒီအချက်တွေကြောင့်ဖြစ်နိုင်…

ချစ်ခရီးအစလမ်းက ချောမွေ့ခဲ့ပေမဲ့လည်း အခု သူ့ဘက်က အချစ်လျော့သွားတယ်။အေးစက်သွားတယ်လို့ခံစားနေရပြီလား?ဒါပေမဲ့ ဘာလို့ဒီလိုပြောင်းလဲသွားမှန်းလည်းသင်မသိဘူး။ဒီတော့ ကျွန်တော်က ဆောင်းပါးတွေရဲ့ဖော်ပြချက်အရ သူ့ဘက်က ရုတ်တရက်ကြီးအေးစက်သွားတာဟာ ဘယ်လိုအကြောင်းကြောင်းတွေကြောင့်ဖြစ်နိုင်မလဲ မျှဝေပေးလိုက်ပါတယ်။

*ဒါက သူ့ရဲ့ပုံစံအမှန်ဖြစ်လို့ပါ
သူရုတ်တရက်အေးစက်သွားတယ်။ပြောင်းလဲသွားတယ်လို့ခံစားနေရတာဟာ ဒါက သူ့ရဲ့ပုံစံအမှန်ပဲလို့ ပြသနေတာဖြစ်နိုင်ပါတယ်။သင့်ကို သူစပြီးလိုက်တုန်းက အချိန်ပေးတယ်။နွေးထွေးစေတယ်ဆိုပေမဲ့ ချစ်သူဖြစ်သွားတဲ့အခါမှာတော့ သူက ဒါကို ပြစရာမလိုတော့ဘူးလို့တွေးမယ်။ဒါကြောင့်သူ့ရဲ့နဂိုပုံစံအတိုင်းပဲ ပြန်နေတာဖြစ်နိုင်ပါတယ်။

*သင့်ကိုသူပိုင်တယ်ဆိုပြီးတွေးထားလို့ပါ
အဖြစ်နိုင်ဆုံးတွေထဲက နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ သင့်ရဲ့ချစ်သူ ရုတ်တရက်ပြောင်းလဲသွားတာဟာ သင့်ကိုသူပိုင်တယ်။သင်က ဘယ်အချိန်ဖြစ်ဖြစ်သူ့အတွက်ရှိနေမှာပဲလို့ တွေးထားလို့ပါ။သင် သူ့ကိုချစ်လာဖို့နောက်ထပ်ကြိုးစားနေစရာမလိုတော့ဘူးလို့စိတ်ချနေလို့ပါပဲ။

*သူသင့်အပေါ်လိမ်ညာနေတာပါ
အကောင်းဆုံးကိုမျှော်လင့်ထားရင် အဆိုးဆုံးကိုလည်းထည့်မတွက်လို့မရပါဘူး။သူသင့်အပေါ်အေးစက်သွားတယ်ဆိုတာ သူ့ရဲ့အချိန်တွေကို တစ်ခြားမိန်းကလေးတစ်ယောက်အတွက်အချိန်ပေးထားလို့ဖြစ်နိုင်ပါတယ်။ဒါမှမဟုတ် သူ့စိတ်ထဲမှာ တစ်ခြားမိန်းကလေးတစ်ယောက်ကို သဘောကျနေလို့ပါ။

*သူသင့်ကိုမချစ်တော့လို့ပါ
အစပိုင်းမှာသာ သင့်အပေါ် အသည်းအသန်အရူးအမူးဖြစ်မယ်။ဒါပေမဲ့ အခုတော့ ကိုယ့်ဘက်က ဖုန်းတွေစဆက်၊စာတွေပို့နေရတယ်ဆိုရင် ဒါက သူသင့်အပေါ် မချစ်တော့လို့ပါပဲ။မချစ်တော့လို့လည်းဖြစ်နိုင်သလို အစကတည်းက သင့်အပေါ် လေးလေးနက်နက်မချစ်ခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ပဲတဖြည်းဖြည်းကြာလာတဲ့အခါ သူ့ရဲ့ ဂရုစိုက်မှုတွေ၊အချစ်တွေကို သင်မမြင်တွေ့ရတော့တာပါ။

ဒီအချက်တွေကို သင့်အနေနဲ့လက်ခံနိုင်ဖို့ တကယ်ကိုခက်ခဲပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ချစ်နေတာကိုး။ဒါပေမဲ့ တစ်ယောက်ယောက်ကိုချစ်မိတဲ့အခါ အဲ့ဒီလူက ဘယ်လိုပုံစံလဲ မေ့နေတတ်ပါတယ်။ချစ်တာတစ်ခုတည်းမြင်ပြီး သူဟာ သင့်အတွက်အားလုံးပြည့်စုံတယ်ဆိုပြီးပဲတွေးမိပါလိမ့်မယ်။အချိန်တွေကြာလာမှ လူရဲ့နဂိုပုံစံဟာပေါ်လာတတ်ပါတယ်။

ဒါကြောင့် အခုကိုယ်မြင်နေရတဲ့သူဟာ ကိုယ့်အပေါ် အေးစက်နေတယ်။ပြောင်းလဲသွားတယ်လို့ခံစားရတဲ့အခါ ဒီအခြေအနေကိုလက်ခံပြီး အချိန်မဆွဲပဲ နှစ်ယောက်သားစိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းပြောပြီး ဖြေရှင်းလိုက်ဖို့ပါပဲ။ခံစားနေရတာကိုပြောပြမှ သူဟာ ကိုယ့်အပေါ် တကယ်ပဲ ဘယ်လိုသဘောထားတယ်ဆိုတာ သိမှာမဟုတ်လား။သူ့ဘက်က ဖြေရှင်းချက်ကိုလည်း နားထောင်သင့်တယ်လေ။

သူက ကိုယ့်ကိုမချစ်တော့ဘူးဆိုရင်တော့ သင့်အေနနဲ့လုပ်နိုင်တာက…စိတ်မကောင်းစွာနဲ့ပဲ ဘာမှမရှိပါဘူး။အချစ်ဆိုတာလုပ်ယူဖန်တီးလို့လည်းမရသလို ကိုယ့်ကိုမချစ်တော့တဲ့သူတစ်ယောက်ကို ဆွဲထားဖို့ကလည်း ခက်ခဲလွန်းတယ်မဟုတ်လား…။

Source:herway.net

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.