သရဲနီတို့ ရဲ့ ကျဆုံးခန်းကို တကယ်ရောက်ရှိခဲ့ပြီလား-ပယ်နယ်တီအဆုံးအဖြတ်နဲ့ Capital One ကနေ မန်ယူ ထွက်လိုက်ရပြီ

_72462187_manutd2.jpg

ပထမအကျော့က ဆန်းဒါးလန်းကွင်းမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တဲ့ မန်ယူတို့ ဟာ အိုးထရက်ဖို့ ဒ်မှာ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မပြတ်သားခဲ့ဘဲ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။

ပွဲစတာနဲ့ သရဲနီတို့ ဟာ ဆန်းဒါးလန်းကို တိုက်စစ်ဆင်ကစားခဲ့ပြီး  ပထမပိုင်း ၃၆ မိနစ်မှာ ၀ဲလ်ဘတ်တင်ပေး လိုက်တဲ့ ဘယ်ထောင့်ကန်ဘောကနေ အီဗန်က မန်ယူအသင်းအတွက် အဖိုးတန်ဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြီးတဲ့အထိ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ဘဲ အချိန်ပိုမှာ ဘရက်စလေက ဆန်းဒါးလန်းအတွက် အဖိုးတန်ဂိုး နဲ့ ဟာနန်ဒက်ဇ်က မန်ယူအတွက် ချေပဂိုးတို့ ကို ပြန်လည်သွင်းယူခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၃ ဂိုး ဖြစ်သွားခဲ့ပါတယ်။ ပယ်နယ်တီအဆုံးအဖြတ် ခံယူရာမှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးဝင်အောင် မသွင်းနိုင်ကြဘဲ ဆယ်လုံးမှာ သုံးလုံးပဲ ၀င်ခဲ့ပါတယ်။

ပယ်နယ်တီ ပထမလုံးကို ဆန်းဒါးလန်းဘက်က ဂါ့ဒ်နာက ကန်သွင်းခဲ့ပြီး အပေါ်ထောင်တက်သွားခဲ့ပါတယ်။ မန်ယူဘက်က ၀ဲလ်ဘတ် ကန်သွင်းခဲ့ရမှာလည်း အပေါ်ထောင်တက်ခဲ့ပြန်ပြီး နှစ်ဖက်လုံးလွဲချော်ခဲ့ပါတယ်။ ပယ်နယ်တီဒုတိယအလုံးအဖြစ် ဆန်းဒါးလန်း ဘက်က စတီဗင်ဖလက်ချာက ကန်သွင်းခဲ့ပြီး မန်ယူ ဂိုးသမား ဒီဂီယာ ကာကွယ်နိုင်ခဲ့တယ်. မန်ယူရဲ့ ဒါရင်းဖလက်ချာ ကန်သွင်းခဲ့ရာမှာတော့ ဂိုးဝင်သွားခဲ့ပြီး မန်ချက် အတွက် မျှော်လင့်ချက် အရှိန်ကောင်းခဲ့ပါတယ်။
ပယ်နယ်တီ တတိယလုံးကို မားကို့ စ်အလွန်ဆိုက ဘယ်ခြေနဲ့ အသာအယာကန်သွင်းပြီး မန်ယူဘက်က ဂျာနူးရက်ဇ် ကတော့ လွဲချော်ခဲ့ပါတယ်။
ပယ်နယ်တီ စတုတ္ထလုံးအဖြစ် ဆန်းဒါးလန်းက ကီဆွန်ယန်း က ညာခြေနဲ့ ညာထောင့်ကို ကန်သွင်းခဲ့ပြီး ဒီဂိုးနဲ့ ပဲ ဆန်းဒါးလန်းတို့ ဝင်ဘလေကွင်းကို တက်ရောက်သွားနိုင်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ မန်ယူဘက်က ဖီးလ်ဂျုံးစ် ကန်သွင်းရာမှာ ဂိုးပေါက်လွဲချော်ခဲ့ပြန်တယ်။
ဆန်းဒါးလန်းအတွက် နောက်ဆုံးဂိုးကို အဒမ်ဂျွန်ဆင်က ကန်သွင်းခဲ့ပေမယ့် ဂိုးမရရှိခဲ့ပါဘူး။ နောက်ဆုံး သရဲနီ တို့ အတွက် အရေးအကြီးဆုံး အဆုံးအဖြတ် ဖြစ်တဲ့ ပယ်နယ်တီဂိုးကို ရာဖေးလ် က ကန်သွင်းယူခဲ့ရာမှာ ဆန်းဒါးလန်းဂိုးသမား က ကာကွယ်နိုင်ခဲ့တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ် (၁-၂) နဲ့ မန်ယူတို့ Capital One ဖလားကို အိမ်ကွင်းမှာ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

အခုရာသီမှာ ရလဒ်ဆိုးတွေနဲ့ အသင်းကြီး မန်ချက်စတာယူနိုက်တက်အတွက် ဒီ Capital One ဖလားဟာ အသက်တမျှ အရေးပါပေမယ့် မန်ယူနည်းပြ ဒေးဗစ်မိုရက်စ်နဲ့ အသင်းသားတစ်စုကတော့ နိုင်ပွဲအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ အနိုင်ရရှိသွားတဲ့ ဆန်းဒါးလန်းအသင်းအနေနဲ့ ဖိုင်နယ်ပွဲစဉ်အဖြစ် မန်ချက်စတာ စီးတီး အသင်းနဲ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Ref: bbc.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.