ဒေါက်မြင့်ဖိနပ်စီးတာဟာ သင့်အတွက်ဘယ်လိုထိခိုက်မှုတွေဖြစ်လာနိုင်လဲ?

ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို တစ်ချို့သူတွေကို သိပြီးကောင်းသိပြီးကြမှာပါ။ဒါပေမဲ့ အများစုက ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ခြေဖ၀ါး၊ခြေထောက်ပဲနာကျင်မယ်ထင်ထားကြပါတယ်။တကယ်တော့ ခန္ဓာကိုယ်ရဲ့တစ်ခြားအစိတ်အပိုင်းတွေကိုလည်း ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။သင်က ဒေါက်မြင့်ဖိနပ်ကိုပဲ အမြဲတစေစီးနေတဲ့သူဆိုရင် ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်လဲ သိထားသင့်ပါတယ်။

*ဒူး
ဒေါက်ဖိနပ်စီးတဲ့အခါ ခန္ဓာကိုယ်ရဲ့အလေးချိန်က ဒူးနဲ့ခြေထောက်ပေါ်မှာ သွားပိနေပါတယ်။ခြေထောက်ကိုလည်းအားစိုက်ရတယ်။ဒူးကိုလည်း အားစိုက်ရတဲ့အခါ ဖိအားတွေအရမ်းများပါတယ်။ကြာလာတဲ့အခါ ဒူးဆစ်ရိုးနာကျင်တာ၊ဟန်ချက်ပျက်တာ၊ခြေထောက်တောင့်တင်းတာစတဲ့
ဝေဒနာတွေခံစားလာရနိုင်ပါတယ်။

*ကျောရိုး
ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ကျောရိုးမှာရှိတဲ့ကြွက်သားတွေကို အလွန်အကျွံအလုပ်လုပ်ခိုင်းသလိုဖြစ်ပြီးနောက်ကျောနာကျင်မှုကိုခံစားရနိုင်ပါတယ်။နဂိုနူးညံပျော့ပျောင်းစွာရှိနေတဲ့ကျောရိုးက ပုံစံပျက်သွားတဲ့အခါ ကျောရိုးနဲ့သက်ဆိုင်တဲ့ တစ်ခြားဝေဒနာတွေပါ ခံစားလာရနိုင်ပါတယ်။ဥပမာ
ကြွက်သားတွေအားနည်းလာတာ၊ခဏခဏနာကျင်လာတာ၊အကြောဆွဲတာ၊ကြွက်တက်တာစတဲ့ဝေဒနာမျိုးတွေဖြစ်လာနိုင်ပါတယ်။

*ခြေကျင်းဝတ်
ဒါကတော့ တော်တော်များများသိပြီးသားဖြစ်မှာပါ။ဒေါက်ဖိနပ် အမြဲတစေစီးတဲ့အခါ ခြေကျင်းဝတ်ကို အားပြုနေရတာဖြစ်တဲ့အတွက်ကြာလာတော့ ခြေကျင်းဝတ်က မထိန်းနိုင်တော့ပါဘူး။ခြေကျင်းဝတ်အရိုးတွေနာကျင်လာပြီး ရောင်ရမ်းလာနိုင်ပါတယ်။ခြေချောင်းလေးတွေကိုလည်း ဖိလျှောက်ရတာဖြစ်လို့ ခြေချောင်းတွေလည်းနာကျင်လာစေပါတယ်။

ဒါကြောင့် ဒေါက်မြင့်ဖိနပ်ကို အမြဲတစေမစီးပဲ တစ်ခါတစ်ရံ ဖိနပ်အပါးလေးတွေ၊ပေါ့ပါးတဲ့ဖိနပ်လေးတွေ ပြောင်းလဲစီးပေးသင့်ပါတယ်။

83 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.