ဆေးပညာဆိုင်ရာဇာတ်လမ်းတွဲသစ်မှာပါဝင်ဖို့အတည်ပြုလိုက်ပြီဖြစ်တဲ့ Shin Ha Kyun နဲ့ Jung So Min

နာမည်ကျော်တောင်ကိုရီးယားအနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ Shin Ha Kyun နဲ့ Jung So Min တို့ကို မကြာခင်ဇာတ်လမ်းတွဲသစ်လေးမှာတွဲဖက်မြင်တွေ့ရပါတော့မယ်။သူတို့နှစ်ယောက်ကို KBS ရဲ့ ဇာတ်လမ်းတွဲသစ် “Soul Repairer” မှာ ပါဝင်ဖို့ကမ်းလှမ်းထားခဲ့တာ
ဖြစ်ပြီး အခုတော့ နှစ်ယောက်သား ပါဝင်သရုပ်ဆောင်ဖို့အတည်ပြုလိုက်ပြီလို့သိရပါတယ်။

ဒီဇာတ်လမ်းတွဲကို ၂၀၂၀ အစပိုင်းမှာ ထုတ်လွှင့်ပြသနိုင်ဖို့စီစဉ်ထားပြီး ဇာတ်လမ်းပုံစံလေးက စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေနဲ့သူတို့ရဲ့လူနာတွေအကြောင်းရိုက်ကူးပုံဖော်သွားမယ့်ပုံစံလေးဖြစ်ပါတယ်။လူနာတွေရဲ့အဖြစ်အပျက်အကြောင်းအရာတွေနဲ့ အတူ ပျော်ရွှင်မှုကိုဘယ်လိုရှာဖွေရမလဲ၊ပျော်ရွှင်မှုကဘယ်နေရာကနေ လာတာလဲစတဲ့စိတ်ပိုင်းဆိုင်ရာမက်ဆေ့ခ်ျတစ်ခုကို ကြည့်ရှုသူတွေကို မျှဝေပြောပြပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

“Soul Repairer”လို့ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲမှာ မင်းသား Shin Ha Kyun ကို လူနာတွေကို ကုသတဲ့နေရာမှာ အကောင်းဆုံးသူလို့ခံယူထားတဲ့စိတ်ပိုင်းဆိုင်ရာဆရာဝန်တစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး မင်းသမီး Jung So Min ကိုတော့ အောင်မြင်နေတဲ့မင်းသမီးတစ်လက်အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Monster Union ကုမ္ပဏီရဲ့အဆိုအရ “ကျွန်တော်တို့ရဲ့လူမှုအသိုင်းအ၀ိုင်းမှာ လိုအပ်နေတဲ့အရာတွေကို ကျွန်တော်တို့ရဲ့ဇာတ်ကောင်တွေကနေ တစ်ဆင့်ချပြသွားဖို့ ရည်ရွယ်ထားပါတယ်။ကြည့်ရှုသူရိသတ်တွေလည်း သူတို့ရဲ့စိတ်နဲ့နှလုံးသားကို သေချာမြင်နိုင်ပြီး ကျွန်တော်တို့ရဲ့ဇာတ်လမ်းတွဲကနေ တစ်ဆင့် စိတ်သက်တောင့်သက်သာဖြစ်မှုကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ကောင်းမွန်တဲ့ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ တကယ်ကောင်းတဲ့ဇာတ်လမ်းတွဲတစ်ခုကို ဖန်တီးသွားမှာပါ။ဒါကြောင့် စောင့်မျှော်အားပေးကြပါဦး “လို့ ပြောခဲ့ပါတယ်။

Source:Soompi

114 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.