Park Bo Gum ကို မကြာခင်ဇာတ်လမ်းတွဲသစ်နဲ့ ပြန်လည်မြင်တွေ့ရတော့မှာလား?

တောင်ကိုရီးယားရဲ့နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသား Park Bo Gum ကို မကြာခင်ဇာတ်လမ်းတွဲသစ်တစ်ခုမှာမြင်တွေ့လာရဖွယ်ရှိပါတယ်။

tvN က ရိုက်ကူးမယ့် “Youth Record” (ယာယီနာမည်)ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ဖို့ကမ်းလှမ်းခံထားရပြီး သူ့ရဲ့အေဂျင်စီ Blossom Entertainment ကလည်း ဒီဇာတ်လမ်းတွဲကို လက်ခံဖြစ်ဖို့များတဲ့အကြောင်းအသိပေးကြေညာခဲ့ပါတယ်။

“Youth Record”ဇာတ်လမ်းတွဲက မော်ဒယ်လ်လောကထဲမှာကျင်လည်နေကြတဲ့လူငယ်လေးတွေရဲ့အကြောင်းရိုက်ကူးပုံဖော်သွားမယ့်ပုံစံလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကို “Stranger” ၊ “Memories of the Alhambra” ၊ “Watcher” စတဲ့ဇာတ်လမ်းတွဲတွေရိုက်ကူးခဲ့သူ
ထုတ်လုပ်ရေးဒါရိုက်တာ Ahn Gil Ho က ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။

ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့ခေါင်းဆောင်မင်းသမီးအဖြစ် Park So Dam ကို ကမ်းလှမ်းထားတယ်လို့လည်းသိရပါတယ်။”Youth Record” ကို ၂၀၂၀ ထဲမှာထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့ Park Bo Gum သာ လက်ခံမယ်ဆိုရင် ဒါကဇန်န၀ါရီလတုန်းက ပြသပြီးစီးခဲ့တဲ့ ‘Encounter’ ဇာတ်လမ်းတွဲအပြီး တစ်နှစ်နီးပါးကြာမှ ပြန်လည်ရိုက်ကူးဖြစ်တဲ့ဇာတ်လမ်းတွဲဖြစ်လာမှာပါ။

Source:Koreaboo/Soompi

213 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.