ဇာတ်လမ်းတွဲသစ်မှာ Lee Dong Wook နဲ့ Jo Bo Ah ကို တွဲဖက်မြင်တွေ့လာရဖွယ်ရှိ…

ဒီဇင်ဘာ ၁၂ ရက်နေ့က Ilgan Sports မီဒီယာရဲ့ဖော်ပြချက်အရ မင်းသမီး Jo Bo Ah ဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွဲသစ်တစ်ခုမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်လာဖို့ရှိတယ်လို့သိရပါတယ်။

သူမရဲ့အေဂျင်စီ SidusHQ ကတော့ “Jo Bo Ah ဆီကို tvN ရဲ့ဇာတ်လမ်းတွဲသစ် ‘Tale of Gumiho’ မှာ ပါဝင်ဖို့ကမ်းလှမ်းထားပါတယ်။သူမဘက်ကလည်း ဒါကိုလက်ခံဖြစ်ဖို့များပါတယ်”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။’Tale of Gumiho’ဇာတ်လမ်းတွဲကို ၂၀၂၀ အစောပိုင်းလတွေမှာရိုက်ကူးသွားမှာဖြစ်ပြီးခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ဖို့ မင်းသား Lee Dong Wook ကို ကမ်းလှမ်းထားတယ်လို့လည်းသိရပါတယ်။

Lee Dong Wook သာ ဒီဇာတ်လမ်းတွဲရိုက်ကူးဖို့လက်ခံမယ်ဆိုရင် သူ့ကို ဒဏ္ဏာရီထဲမှာနာမည်ကျော်ကြားတဲ့ အမြီးကိုးချောင်းပါ မြေခွေးလူသားအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး Jo Bo Ah ကိုတော့ “Finding Urban Legends”အစီအစဉ်ရိုက်ကူးရေးကို တာဝန်ယူထားတဲ့ ထုတ်လုပ်ရေးဒါရိုက်တာတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအသေးစိတ်ကတော့ ဘယ်လိုဖြစ်မလဲ တိတိကျကျမဆုံးဖြတ်ရသေးပါဘူး။အခုလက်ရှိမှာဆိုရင်တော့ မင်းသား Lee Dong Wook ဟာ သူ့ရဲ့ ”Because I Want To Talk”အစီအစဉ်ကိုရိုက်ကူးနေပါတယ်။မင်းသမီး Jo Bo Ah ကတော့ My Strange Hero ဇာတ်လမ်းတွဲအပြီး
ဇာတ်လမ်းတွဲအသစ်လက်ခံထားခြင်းမရှိသေးပါဘူး။

သူတို့နှစ်ယောက်ကိုတွဲဖက်မြင်တွေ့ရမလားဆိုတာကိုတော့ အတူတူဆက်ပြီးစောင့်ကြည့်လိုက်ရအောင်

Source:Soompi

247 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.