ခါးဘေးနားကအဆီတွေမြန်မြန်လောင်ကျွမ်းဖို့ ဒီလေ့ကျင့်ခန်းလေးတွေလုပ်ပေးသင့်

ခါးနဲ့ဗိုက်မှာအဆီစုနေတဲ့သူတွေ ဒီလေ့ကျင့်ခန်းလေးတွေလုပ်ပေးသင့်ပါတယ်။တကယ်ထိရောက်ပြီး မြန်မြန်ဆန်ဆန်နဲ့အဆီပိုတွေကျဆင်းစေတယ်လို့ဆိုထားပါတယ်။ဒီလေ့ကျင့်ခန်းလေးတွေက ဇီဝဖြစ်စဉ်ကိုမြန်ဆန်စေပြီး ကြွက်သားတွေကိုများများအလုပ်ပေးနိုင်တဲ့အပြင် အချိန်လည်းအများကြီးပေးစရာမလိုလို့ လေ့ကျင့်ခန်းလည်းလုပ်ချင်တယ်။ပျင်းလည်းပျင်းတယ်ဆိုသူတွေအတွက် တကယ့်ကိုအဖိုးတန်လေ့ကျင့်ခန်းလေးတွေပါ။ဒီတော့ဘယ်လိုလေ့ကျင့်ခန်းတွေလဲ ကြည့်လိုက်ရအောင်

*Plie
အရင်ဆုံးဘေးတစ်စောင်းလှဲလိုက်ပါ။ပြီးရင်လက်မောင်းတစ်ဖက်ကို ခေါင်းအောက်မှာထားပြီး ကျန်တဲ့လက်မောင်းတစ်ဖက်ကိုဝမ်းဗိုက်အရှေ့ဘက်မှာထားထားပါ။ဒူးတွေကိုကွေးထားပါ။ပြီးရင်တော့ ပုံမှာမြင်ရတဲ့အတိုင်း ဒူးခေါင်းကို မြှောက်လိုက်ချလိုက်လုပ်ပေးပါ။တစ်ဖက်
စီကို ၁၅ ကြိမ်ကနေ အကြိမ် ၂၀ ထိလုပ်ပေးပါ။

*Side Stretch
ဘေးတစ်စောင်းပုံစံကိုမှ ခေါင်းကို ကြမ်းပြင်နဲ့မထိပဲ လက်မောင်းကိုသာ အားပြုပြီးလှုပ်ရှားရမယ့်ပုံစံလေးပါ။ပုံမှာမြင်ရတဲ့အတိုင်း ကြွက်သားတွေကို အားပြုပြီးလှုပ်ရှားရတာဖြစ်လို့ ခါးအဆီတွေမြန်မြန်ကျဆင်းလာပါတယ်။တစ်ဖက်စီကို ၁၂ ကြိမ်ကနေ ၁၅ ကြိမ်ထိလုပ်ပေးပါ။

*Ballerina
အပေါ်က ပုံစံလိုပဲ။လက်မောင်းတစ်ဖက်ကိုသာ အားပြုပြီး ကျန်လက်မောင်းတစ်ဖက်ကို ကွေးချရမယ့်ပုံစံလေးပါ။လက်မောင်းကို ဒီဘက်ကွေးချတဲ့အခါမှာလည်းဖြည်းဖြည်းယူဖို့လိုပါတယ်။တစ်ဖက်စီကို ၁၂ ခေါက်စီကိုလုပ်ပေးပါ။

*String
ပုံထဲမှာမြင်ရသလို လက်ရော ဒူးပါ ထောက်ထားပြီး ခြေထောက်အောက်ပိုင်းကိုလှုပ်ရှားပေးရမှာပါ။ဒီလေ့ကျင့်ခန်းကိုလည်း ၁၅ ကြိမ်ကနေ အကြိမ် ၂၀ ထိလုပ်ပေးပါ။

*Rolls
ဒါကတော့ တစ်ကိုယ်လုံးက ကြွက်သားတွေကိုအလုပ်ပေးထားရမှာပါ။ကြမ်းပြင်မှာ ထိုင်လိုက်ပါ။ပြီးရင် လက်ကို ဒူးအောက်မှာထည့်ထားပြီး အိပ်ထမတင်လုပ်သလို လုပ်ပေးရမှာပါ။၁၀ ကြိမ်ကနေ ၁၅ ကြိမ်ထိလုပ်ပေးပါ။

ဒီလေ့ကျင့်ခန်း ၅ မျိုးကို နေ့တိုင်းပုံမှန်လုပ်ပေးသွားရင် တစ်လအတွင်းထူးခြားတဲ့ရလဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

6K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.