Offical Trailer ထွက်ရှိလာပြီဖြစ်တဲ့ Ryan Reynolds ရဲ့  “Free Guy” ဇာတ်ကားသစ်

Deadpool မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ “Free Guy” ဇာတ်ကားသစ်ကြီးကတော့ offical trailer ထွက်ရှိလာခဲ့ပါပြီ။”Free Guy”က အမေရိကန် Science fiction-Action/comedy ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက ဘယ်လိုလဲဆိုရင် ဘဏ်မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းအမျိုးသားတစ်ယောက်က မထင်မှတ်ပဲ သူဟာ Free City လို့ခေါ်ကြတဲ့ ဗီဒီယိုဂိမ်းတစ်ခုရဲ့ ဇာတ်ကောင်ဖြစ်နေမှန်းရှာတွေ့သွားခဲ့ပါတယ်။အဲ့ဒီနောက် တီထွင်ဖန်တီးသူတွေ ဂိမ်းကို မပိတ်ပစ်ခင် သူဘယ်လိုတွေဂိမ်းထဲမှာ လှုပ်ရှားပြုမူမလဲ၊သူ့ကိုယ်သူ ဟီးရိုးတစ်ယောက်အဖြစ် ဘယ်လိုပုံစံပြောင်းလဲမလဲဆိုတာ စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ Shawn Levy ရိုက်ကူးထားတာဖြစ်ပြီး Ryan Reynolds ၊ Jodie Comer ၊ Joe Keery ၊ Lil Rel Howery ၊ Utkarsh Ambudkar နဲ့Taika Waititi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။၂၀၂၀ ၊ဇူလိုင် ၃ ရက်နေ့ဆိုရင်တော့ စတင်ကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် “Free Guy” Trailer လေးပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

31 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.