စကားအရမ်းများတဲ့သူနဲ့ မတော်တဆလမ်းမှာဆုံတဲ့အခါ ဘယ်လိုစကားမြန်မြန်ဖြတ်ကြမလဲ?

ကိုယ့်အသိအကျွမ်းထဲက စကားအရမ်းများတဲ့လူနဲ့ လမ်းမှာဆုံမိပြီး စကားပြောဖြစ်ခဲ့မယ်ဆိုရင်တော့ တော်တော့်ကိုမလွယ်တာပါပဲ။စကားအရှိန်ကလည်းတက် ကိုယ်ကလည်း အပြင်သွားရမှာ အချိန်ကမရှိဆိုရင် ဘယ်လိုစကားစဖြတ်ရမလဲဆိုပြီး စဉ်းစားမိတတ်ကြပါတယ်။ဒါကြောင့် မတော်တဆ စကားအရမ်းများတဲ့သူနဲ့ လမ်းမှာ ဆုံလာတဲ့အခါ စကားစဖြတ်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်။

*အရင်ဆုံး ယဉ်ကျေးစွာပဲ နားထောင်ပေးပါ


နားမထောင်ချင်တဲ့ပုံစံမျိုး၊ရိုင်းပြတဲ့အမူအရာမျိုးမပြပဲနဲ့ သူပြောချင်တာကို အရင်ဆုံးစိတ်ရှည်ရှည်နားထောင်ပေးပါ။အရေးကြီးတဲ့အကြောင်းအရာလည်း ဖြစ်နိုင်တယ်မဟုတ်လား။ဒါကြောင့် အရင်ဆုံးသူပြောတဲ့စကားကို နားထောင်လိုက်ပါ။

*အဓိကအကြောင်းအရာက ဘာလဲ မကြာခဏမေးပါ


စကားများတဲ့သူတွေက သူတို့အဓိကပြောချင်တဲ့အကြောင်းအရာအပြင် တစ်ခြားအရာတွေပါ ထည့်သွင်းပြီးပြောတတ်ကြပါတယ်။ဒါကြောင့်ကိုယ်က အဓိကပြောချင်တဲ့အကြောင်းအရာမြန်မြန်သိရအောင် မကြာခဏမေးပေးဖို့လိုပါတယ်။

*ကိုယ့်မှာအချိန်မရှိတဲ့အကြောင်း အေးအေးဆေးဆေးပြောပါ


တစ်ခါတစ်လေ လူတွေက နှုတ်ကထုတ်မပြောရင် အားနာရကောင်းမှန်း၊သူတစ်ပါးအတွက်ကြည့်ပေးရမှန်းမသိကြပါဘူး။ဒါကြောင့် ကိုယ်က နားထောင်ပေးချင်ပေမယ့် ကိုယ့်မှာအချိန်မရှိတဲ့အကြောင်း၊အပြင်သွားဖို့ရှိတဲ့အကြောင်း ထုတ်ပြောပါ။

*ကိုယ်မကြိုက်တဲ့အကြောင်း အမူအရာပြပါ


နောက်ဆုံးနည်းလမ်းကတော့ ကိုယ်မကြိုက်တဲ့အကြောင်း အမူအရာနဲ့ပြသလိုက်ဖို့ပါပဲ။သူစကားပြောနေတဲ့အချိန် ကိုယ်က တစ်ခြားအရာကိုသွားပြီးအာရုံစိုက်နေတာမျိုး၊တစ်ခြားအသိတစ်ယောက်ယောက်ကို လှမ်းနှုတ်ဆက်လိုက်တာမျိုး၊သူ့ကို စကားဆက်မပြောစေချင်တဲ့အရိပ်အယောင်မျိုးပြသပါ။

စကားအရမ်းများတဲ့သူနဲ့ လမ်းမှာဆုံလာတဲ့အခါ ဒီနည်းလမ်းတွေနဲ့ ရှောင်ရှားနိုင်ပါတယ်။

42 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.