ဇာတ်လမ်းတွဲသစ်မှာ ပါဝင်ဖို့အတည်ပြုလိုက်ပြီဖြစ်တဲ့ မင်းသမီး Nam Ji Hyun

ဒီဇင်ဘာ ၁၀ ရက်နေ့တုန်းက မင်းသမီး Nam Ji Hyun ဟာ MBC ရဲ့ဇာတ်လမ်းတွဲသစ် “365: A Year of Defying Fate” မှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်လာဖို့အတည်ပြုလက်ခံခဲ့ပြီလို့သိရပါတယ်။

“365: A Year of Defying Fate” ဇာတ်လမ်းပုံစံဟာ သူတို့ဘ၀တွေကိုအကောင်းဆုံးဖန်တီးနိုင်ဖို့ လွန်ခဲ့တဲ့ တစ်နှစ်ကိုပြန်သွားခဲ့ကြပေမဲ့ သူတို့မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကို ကြုံဆုံရပြီး ဖြေရှင်းဖို့ကြိုးစားတဲ့ပုံစံလေးရိုက်ကူးသွားမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ မင်းသမီး Nam Ji Hyun ကို နာမည်ကျော် webtoon ပညာရှင် Shin Ga Hyun အဖြစ်မြင်တွေ့ရမှာပါ။

မင်းသမီး Nam Ji Hyun ကိုခေါင်းဆောင်မင်းသမီးအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး မင်းသား Lee Joon Hyuk ကို ခေါင်းဆောင်မင်းသားအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။မင်းသမီး Nam Ji Hyun အတွက် ဒီလိုထူးခြားတဲ့ဇာတ်လမ်း၊စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်ကောင်ပုံစံမျိုး ပထမဆုံး
သရုပ်ဆောင်ဖြစ်တာပဲဖြစ်ပါတယ်။

“365”ကို ၂၀၂၀ ထဲမှာထုတ်လွှင့်ပြသနိုင်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

Source:Soompi

512 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.