ချစ်သူကောင်လေးရဲ့ ကိုယ်သင်းရနံ့က စိတ်ဖိစီးမှုတွေပြေပျောက်စေနိုင်…

မိန်းကလေးတော်တော်များများကလည်း သူတို့ချစ်သူကောင်လေးရဲ့အ၀တ်အစားတွေယူဝတ်ရတာ သဘောကျကြပါတယ်။ဟုတ်တယ်ဟုတ်!

လေ့လာချက်တွေအရ ရေမွှေး၊ချွေးနံ့ပျောက်ဆေး ဘာတစ်ခုမှဆွတ်ထားတဲ့ သူ့ရဲ့ အကျီကိုယူဝတ်တာ၊ဒါမှမဟုတ်အကျီကိုမွှေးကြည့်တာဟာ စိတ်ဖိစီးမှုတွေပြေပျောက်စေတယ်လို့သိရပါတယ်။

ဘယ်လိုလေ့လာကြည့်ခဲ့တာလဲဆိုရင် ၂၄ နာရီလုံး ရေမွှေး၊ချွေးနံ့ပျောက်ဆေး၊တစ်ခြားအမွှေးနံ့သာဘာတစ်ခုမသုံးထားပဲ၊ဆေးလိပ်နံ့စွဲမှာစိုးလို့ ဆေးလိပ်တောင်မသောက်ခိုင်းပဲ ၀တ်ခိုင်းထားတဲ့အမျိုးသားတွေရဲ့အကျီကို အမျိုးသမီးတွေကို ၀တ်ခိုင်းကြည့်ခဲ့ပါတယ်။အဲ့ဒီအခါ
ကိုယ့်ချစ်သူကောင်လေးရဲ့အကျီကို ၀တ်ဆင်ထားတဲ့အမျိုးသမီးတွေက တစ်ခြားသူစိမ်းယောက်ျားလေးတွေရဲ့ရှပ်အကျီကိုဝတ်ထားတဲ့အမျိုးသမီးတွေထက် စိတ်ဖိစီးမှုတွေလျော့နည်းသွားကြောင်းတွေ့ရှိခဲ့ရပါတယ်။

ကိုယ့်ချစ်သူရဲ့ ကိုယ်သင်းရနံ့ကိုမှတ်မိနေတယ်။ကိုယ့်ချစ်သူရဲ့ ကိုယ်သင်းရနံ့ရနေတာဟာ
စိတ်ဖိစီးမှုကိုလျော့နည်းစေသလို သူတို့ကိုယ့်အနားမှာရှိမနေရင်တောင် သူတို့ရဲ့ အ၀တ်အစား၊ဒါမှမဟုတ်သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုခု ကိုယ့်မှာရှိနေရင် ပိုပြီးလုံခြုံသွားသလို၊သန်မာသွားသလိုခံစားရစေတယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။

ဒီစာဖတ်ပြီး ချစ်သူဆီက ရှပ်အကျီတစ်ထည်လောက် တောင်းချင်နေပြီမဟုတ်လား?? (စိတ်ဖိစီးမှုတွေ လျော့အောင်လို့ပါ :P)

Source:Brightside

155 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.