အကူအညီလိုအပ်နေတဲ့မိသားစုတွေအတွက်ငွေကြေးလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ Suzy

Vagabond ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေအသည်းကိုထပ်ချွေနိုင်ခဲ့တဲ့ မင်းသမီးချောလေး Suzy ဟာ ဒီဇင်ဘာ ၃ရက်နေ့တုန်းက ငွေကြေးလှူဒါန်းကူညီမှုတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၆ရက်နေ့က Life Share Association ကနေ “Suzy ဟာ အကူအညီလိုနေတဲ့မိသားစုတွေအတွက်ရည်ရွယ်ပြီး ၀မ်ငွေ ၁၅ သန်းလှူဒါန်းခဲ့ပါတယ်။သူမရဲ့လှူဒါန်းငွေက မိသားစု ၂၀၀ နီးပါးအတွက် အထောက်အပံ့ဖြစ်စေမှာပါ”လို့ပြောခဲ့ပါတယ်။

Suzy ရဲ့အေဂျင်စီဖြစ်တဲ့ Management SOOP ကလည်း “ကျွန်တော်တို့သိသလောက် Suzy က နှစ်တိုင်းနီးပါးလှူလေ့ရှိပါတယ်။ဒါပေမဲ့ သူမဘာသာ လှုပ်ရှားလှူဒါန်းတာဖြစ်တဲ့အတွက် ဘယ်လောက်လှူဒါန်းခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ အတည်ပြုပြောကြားနိုင်ခြင်းမရှိပါဘူး”လို့ပြောခဲ့ပါတယ်။

Suzy ဟာ ၂၀၁၅ တုန်းကလည်း ၀မ်ငွေသန်း ၁၀၀ နီးပါးကို Community Chest of Korea ကိုလှူဒါန်းခဲ့ပြီး ဒီနှစ်ဧပြီလတုန်းကဖြစ်ပွားခဲ့တဲ့မီးဘေးကြောင့် ဒုက္ခပင်လယ်ဝေခဲ့ရသူတွေအတွက်လည်း ၀မ်ငွေ သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ဒါ့အပြင် Life Share အဖွဲ့အစည်းကိုပဲ နေမကောင်းတဲ့ကလေးတွေအတွက်ရည်ရွယ်ပြီး ၀မ်ငွေ သန်း ၁၀၀ လှူဒါန်းခဲ့ဖူးပါသေးတယ်။

တကယ်ကိုစိတ်ရင်းနွေးထွေးတတ်ပြီး ကြင်နာတတ်တဲ့ Suzy လေးပါပဲ <3

223 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.