ဇာတ်လမ်းတွဲသစ်မှာ Kim Soo Hyun နဲ့ အတူတွဲဖက်မြင်တွေ့ရဖွယ်ရှိတဲ့ မင်းသမီး Seo Ye Ji

tvN က အတည်ပြုချက်အရ မင်းသမီး Seo Ye Ji ဟာ “Psycho But It’s Okay”(ယာယီနာမည်)ဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်ဖို့မဖြစ်ဖို့ ဆွေးနွေးနေပြီလို့သိရပါတယ်။“Psycho But It’s Okay”ဇာတ်လမ်းတွဲမှာ မင်းသား Kim Soo Hyun ကိုလည်း ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ဖို့ကမ်းလှမ်းထားပြီး Kim Soo Hyun ဘက်ကလည်း လက်ခံဖြစ်ဖို့များပါတယ်။

Seo Ye Ji သာဒီဇာတ်လမ်းတွဲပါဝင်ဖို့လက်ခံမယ်ဆိုရင် ကလေးစာအုပ်တွေရေးသားတဲ့ နာမည်ကျော်စာရေးဆရာမတစ်ယောက်၊စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်သလို ပတ်ဝန်းကျင်
အသိုင်းအ၀ိုင်းနဲ့လည်းအဆင်ပြေဖို့မလွယ်ကူတဲ့ ASPD ဝေဒနာခံစားနေရတဲ့သူတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။

မင်းသား Kim Soo Hyun ကိုတော့ စိတ်ပိုင်းဆိုင်ရာကုသတဲ့ဆေးရုံက ၀န်ထမ်းတစ်ယောက်၊တစ်စုံတစ်ယောက်ကိုချစ်ရမှာမလိုလားတဲ့အမျိုးသားတစ်ယောက်အဖြစ်မြင်တွေ့ရမှာပါ။

“Psycho But It’s Okay”ဇာတ်လမ်းတွဲကို ဒါရိုက်တာ Park Shin Woo ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၀ နှစ်စပိုင်းမှာ ထုတ်လွှင့်ပြသဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

Source:Soompi

380 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.