ဇာတ်လမ်းတွဲသစ်မှာ တွဲဖက်မြင်တွေ့လာရနိုင်တဲ့ Kim Ha Neul နဲ့ Lee Do Hyun

ပရိသတ်တွေချစ်ကြတဲ့မင်းသမီးလေး Kim Ha Neul နဲ ပိုးစုန်းကြူးလေးဆိုပြီး နှုတ်ခမ်းနီမလေးတွေအသည်းစွဲဖြစ်နေတဲ့ မင်းသား Lee Do Hyun တို့ကို မကြာခင်ဇာတ်လမ်းတွဲသစ်တစ်ခုမှာ တွဲဖက်မြင်တွေ့လာရဖွယ်ရှိပါတယ်။

JTBC က တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ “Kim Ha Neul နဲ့ Lee Do Hyun တို့ကို “18 Again”ဆိုတဲ့ဇာတ်လမ်းတွဲအတွက် ခေါင်းဆောင်မင်းသားမင်းသမီးတွေအဖြစ်ကမ်းလှမ်းထားပါတယ်။သူတို့လည်း ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့ဆွေးနွေးနေဆဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Kim Ha Neul ရဲ့အေဂျင်စီ SidusHQ က “သူမအနေနဲ့ ဒီဇာတ်လမ်းကိုလေ့လာဖတ်ရှုနေဆဲဖြစ်ပါတယ်”လို့ပြောခဲ့ပြီး မင်းသား Lee Do Hyun ရဲ့အေဂျင်စီ Yue Hua Entertainment ကလည်း “Lee Do Hyun က ဒီဇာတ်လမ်းတွဲမှာပါဝင်ဖြစ်ဖို့များပါတယ်”လို့ပြောကြားခဲ့ပါတယ်။

“18 Again”(ယာယီနာမည်)ဇာတ်လမ်းတွဲကို ဒါရိုက်တာ Ha Byung Hoon ရိုက်ကူးမှာဖြစ်ပြီး နောက်နှစ်ထဲမှာထုတ်လွှင့်ပြသဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

ပရိသတ်ကြီးရော သူတို့နှစ်ယောက်ကို အတူတူတွဲဖက်မြင်တွေ့ရဖို့ စိတ်လှုပ်ရှားနေရဲ့လား…?

272 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.