ပရိသတ်တွေဆီက မထင်မှတ်ထားတဲ့မွေးနေ့လက်ဆောင်ရခဲ့တဲ့ BTS အဖွဲ့ဝင် Jin

တကယ်ကိုအားကိုးရချစ်ခင်ရအထင်ကြီးရတဲ့ ပရိသတ်တွေကိုပိုင်ဆိုင်ထားတဲ့ Jin ပါပဲ။Jin တစ်ယောက် ပရိသတ်တွေဆီက ဘယ်လိုလက်ဆောင်ရခဲ့တာလဲ??

ဒီဇင်ဘာ ၄ရက်နေ့၊ဒီနေ့က BTS အဖွဲ့ဝင် Jin ရဲ့ ၂၈ နှစ်မြောက်မွေးနေ့ဖြစ်ပြီး သူ့ရဲ့ ပရိသတ် ၅၃၃ ယောက်ဟာ Jin ရဲ့မွေးနေ့အတွက်ရည်ရွယ်ပြီး Korea Leukemia Children’s
Foundation ကို သွေးလှူဒါန်းခဲ့တယ်လို့သိရပါတယ်။

သူတို့ရဲ့သွေးလှူဒါန်းမှုဟာ ကင်ဆာရောဂါခံစားနေရတဲ့ကလေးတွေဆေးကုသမှုအတွက်
တကယ့်ကိုအထောက်အပံ့ဖြစ်စေခဲ့ပါတယ်။Jin ရဲ့ ပရိသတ်တွေကလည်းသွေးလှူဒါန်းခွင့်ရခဲ့တဲ့အတွက်ကြောင့်ပျော်ရွှင်နေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း Jin ရဲ့ ပရိသတ်တွေဟာ လမ်းဘေးခွေးလေးတွေကယ်ဆယ်ရေးမှာကူညီလှူဒါန်းခဲ့ပြီး ဒီနှစ်အစပိုင်းမှာလည်းသွေးကင်ဆာခံစားနေရတဲ့ကလေးငယ်တွေကိုသူတို့ရဲ့ ပထမဆုံးလှူဒါန်းငွေအဖြစ် ၀မ်ငွေ ၂၈၅၀၀၀ လှူဒါန်းခဲ့ပါသေးတယ်။Jin ရဲ့မွေးနေ့မှာသွေးလှူဒါန်းဖို့ကိုလည်း စက်တင်ဘာလလောက်ကတည်းက သွေးလှူရှင်တွေစုစည်းနေခဲ့တာပဲဖြစ်ပါတယ်။တစ်ယောက်ယောက်ရဲ့လွှမ်းမိုးမှုဟာ ဒီလိုကောင်းမွန်တဲ့ရလဒ်တွေဖြစ်ပေါ်လာစေတယ်ဆိုတာကိုလည်းပြသလိုက်တာပါပဲ။

Happy Birthday Jin!

153 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.