ရုတ်တရက်ကြီးဝမ်းနည်းအားငယ်လာတဲ့စိတ်ကို ဘယ်လိုကိုင်တွယ်ကြမလဲ?

ဘာမှထွေထွေထူးထူးမဟုတ်ပဲနဲ့ကို ရုတ်တရက်ကြီးဝမ်းနည်းသွားတာ၊အားငယ်သွားတာ၊ငိုမိသွားတာ၊စိတ်ဓာတ်ကျသွားတာ၊အားလုံးက အေးဆေးဖြစ်နေပါရက်နဲ့ စိတ်ထဲမှာ တစ်ယောက်တည်းပဲဖြစ်နေသလို၊တစ်ယောက်ယောက်နဲ့စကားပြောလိုက်ရရင်ကို အားရှိသွားသလို ခံစားနေရတာမျိုး တစ်ချို့သူတွေဖြစ်တတ်ကြပါတယ်။အဲ့ဒီအချိန် သူတို့နဲ့စကားပြောပေးတဲ့သူ၊သူတို့ကိုဂရုစိုက်ပေးတဲ့သူကို ပိုပြီးအားကိုးချစ်ခင်တွယ်တာတတ်ပါသေးတယ်။ဒါတွေထားလိုက်ပါတော့။ကျွန်တော်တို့ရဲ့ အဓိကအကြောင်းရင်းလေးကို ဆက်လိုက်ရအောင်…

အဲ့ဒီလိုမျိုး ရုတ်တရက်ကြီးဝမ်းနည်းအားငယ်သွားတဲ့အချိန်ကြုံလာရင် ကျွန်တော်တို့ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ?

*လုပ်လက်စအလုပ်တွေရပ်ပြီး သီချင်းနားထောင်တာ၊ရုပ်ရှင်ခဏကြည့်လိုက်တာမျိုးလုပ်ပါ
ရုတ်တရက်ကြီးငိုချင်လာတယ်။ဘာမှလုပ်ချင်စိတ်မရှိတော့ဘူး။ဝမ်းနည်းလာတယ်ဆိုရင် လုပ်လက်စအလုပ်တွေကိုခဏရပ်ပြီး ကိုယ်ကြိုက်တဲ့သီချင်းလေးတွေနားထောင်လိုက်တာ၊ကိုယ်သဘောကျတဲ့ရုပ်ရှင်ကားလေးကြည့်လိုက်တာမျိုးလုပ်ပါ။အဲ့ဒါက စိတ်အပြောင်းအလဲ
ဖြစ်စေပါတယ်။

*အပြင်သွားပြီး မုန့်သွားဝယ်တာ၊ဟိုနားဒီနားထ လမ်းလျှောက်လိုက်တာမျိုးလုပ်ပါ
အပြင်သွားပြီး မုန့်သွားစားတာ၊မုန့်သွားဝယ်တာ၊လမ်းထလျှောက်တာမျိုးကလည်း ၀မ်းနည်းနေတဲ့စိတ်ကို အဆင်ပြေသွားစေပါတယ်။အလုပ်ထဲက တစ်ယောက်ယောက်နဲ့စကားလက်ဆုံပြောတာမျိုးကလည်း စိတ်အပြောင်းအလဲဖြစ်စေပါတယ်။

*အိမ်မှာဆိုရင် ရေထချိုးတာ၊လေ့ကျင့်ခန်းလုပ်တာမျိုးလုပ်ပါ
ဘာမှမလုပ်ချင်ဘူးဆိုပြီးထိုင်မနေပါနဲ့။အဲ့ဒါဆို ပိုတွေးမိပြီး ပိုအဆင်မပြေဖြစ်ပါလိမ့်မယ်။စိတ်ညစ်တယ်။စိတ်ရှုပ်လာတယ်ဆိုရင် ရေထချိုးလိုက်တာ၊လေ့ကျင့်ခန်းလုပ်တာစသဖြင့် အိမ်ကိစ္စလေးတွေလုပ်လိုက်တာက သင့်စိတ်ကို အဆင်ပြေသွားစေပါလိမ့်မယ်။

*ချစ်ရတဲ့တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပါ
ကိုယ်ချစ်ရတဲ့သူရဲ့အသံလောက် အားအင်ပြည့်တာရှိပါဦးမလား။ကိုယ်ချစ်တဲ့သူဆိုတာ ကိုယ့်မိသားစုလည်းဖြစ်သလို ကိုယ့်ရဲ့အရင်းနှီးဆုံးသူစိမ်းစသဖြင့်ပေါ့။ကိုယ်ချစ်ရတဲ့သူနဲ့ ခဏတစ်ဖြုတ်စကားပြောလိုက်တာကလည်း လေးလံနေတဲ့စိတ်တွေ၊အားငယ်နေတဲ့စိတ်တွေ ယူပစ်လိုက်သလို ပျောက်သွားစေပါတယ်။

*အလှပြင်ပါ
အိမ်မှာလည်းအားနေတယ်ဆိုရင် ဖေ့ဘွတ်တို့၊ယူကျူ့ဘ်တို့က မိတ်ကပ်ဗီဒီယိုလေးတွေကြည့်၊ပြီးရင် ကိုယ်လည်းလိုက်ပြင်ကြည့်ပေါ့။အဲ့ဒါဆို ကိုယ့်ရဲ့မိတ်ကပ်အစွမ်းတွေလည်းတိုးတက်လာမှာဖြစ်သလို မိတ်ကပ်ပြင်နေတဲ့အချိန်မှာလည်း ဒါကိုပဲအာရုံစိုက်နေတာဖြစ်လို့
စိတ်အားငယ်နေတာတွေပျောက်သွားပါလိမ့်မယ်။

 

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.